မုံရွာမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များအား လက် နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်၍ အ ရပ်သား ၂ ဦးသေဆုံး သံဃာတော်တစ်ပါးနှင့်အ ရပ်သား ၁ ဦးဒဏ်ရာရ

0
247

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊နန္ဒဝန်ရပ်ကွက်တွင် လက်နက်ကိုင်အဖွဲ့ဝင်များက အောက်တိုဘာ ၃ ရက်ညနေပိုင်းက လုံခြုံရေးအဖွဲ့ဝင်များအား သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ အရပ်သား ၂ ဦးသေဆုံးကာ သံဃာတော် ၁ ပါးနှင့်အရပ်သား ၁ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က နန္ဒဝန်ရပ် ကွက်တွင် AD Van ကားပေါ်ရှိလက်နက်ကိုင်အဖွဲ့ဝင်များမှ လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်များအား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

ပစ်ခတ်မှုကြောင့် နန္ဒဝန်ရပ်ကွက်နေ အရပ်သား ၂ ဦးမှာကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ပြီး သံဃာတော် ၁ ပါးနှင့်အရပ်သား ၁ ဦးတို့တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများအား မုံရွာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ သေဆုံးမှုအား မုံရွာမြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here