ရုရှားနိုင်ငံမှ ခရီးသွားများမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဒေသအလိုက် ရုရှား-မြန်မာချစ်ကြည်ရေးအသင်းများဖွဲ့စည်းဆောင်ရွက်ပေးသွားမည်

0
194

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တိုဘာ ၄ ရက်(ယနေ့)နံနက်ပိုင်းက ပဲခူးတိုင်း၊ပြည်ခရိုင်အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအားတွေ့ဆုံ၍ လုပ်ငန်းရှင်တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ်ပြန်လည်ရှင်းလင်းဆွေးနွေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ခရီးသွားကဏ္ဍအား မိမိအနေဖြင့်အားပေးပြီး ပြည်ဒေသတွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများနှင့်ထင်ရှားသည့် ဘုရားများစွာတည်ရှိ၍ ရ ထားခရီးဖြင့် အဆင်ပြေစွာသွားလာနိုင်ရန် ရထားလမ်းအဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

“နောင်တစ်ချိန်မှာ လျှပ်စစ်ဓာတ်အားအသုံးပြုပြီး ရထားတွေပြေးဆွဲနိုင်အောင် ရည်ရွယ်ဆောင်ရွက်နေပါတယ် ဒါဟာ ခရီးသွားလုပ်ငန်း အထောက်အ ကူပြုဖို့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဒေသသန့်ရှင်းသာယာလှပရေးအတွက်လည်း တာဝန်ရှိသူများမှ အားလုံးဝိုင်းဝန်းဆောင်ရွက်ရန်လိုကာ ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်နှင့်ကမ္ဘာလှည့်ခရီးသွားများနေထိုင်ရန် သင့် တော်သည့် တည်းခိုနေရာနှင့်ခေတ္တအနားယူသည့် နေရာများကို စနစ်တကျ တည်ဆောက်ရန်လိုသည်ဟု ပြောသည်။

အစားအသောက်များကို ယခုထက်ပိုမိုသန့်ရှင်း သပ်ရပ်ကောင်းမွန်အောင်ဆောင်ရွက်၍ ပြည် တွင်း၊ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန် ဒေသခံများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပြီး ရုရှားနိုင်ငံမှ ခရီးသွားများမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဒေသအလိုက် ရုရှား- မြန်မာချစ်ကြည်ရေး အသင်းများဖွဲ့စည်းဆောင် ရွက်ပေးသွားမည်ဟု ပြောသည်။

“လမ်းညွှန်အမှတ်အသားတွေ ကောင်းမွန်ဖို့အ တွက် သက်ဆိုင်ရာတာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေက စနစ်တကျဆောင်ရွက်ပေးရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ကိုဗစ်ကာလရင်းနှီးမြှုပ်နှံမှုချေးငွေများ ပြန်လည်ပေးဆပ်ရန် အချိန်ကာလထပ်မံတိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ရင်းနှီးမတည်ငွေများလည်း ထပ်မံထုတ်ချေးပေးသွားမည်ဟု ပြောသည်။

စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ် ဓာတ်အားများရရှိရန် နိုင်ငံတော်မှကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သဘာဝဓာတ်ငွေ့ထုတ်ယူရရှိနိုင်သည့် နေရာလည်းတွေ့ရှိထားပြီဖြစ်ကာ နောင်လာမည့် သုံးနှစ်ခန့်အတွင်း ထုတ်ယူနိုင်မည်ဟု ပြောသည်။

“လျှပ်စစ်ဓာတ်အားနဲ့ အသုံးပြုနိုင်တဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အ ထည်ဖော်ဖို့အတွက် စီမံချက်တွေချမှတ်ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

သံထုတ်လုပ်မှုအတွက်လိုအပ်သည့် သတ္တုကုန် ကြမ်းများအား သတ္တုသိုက်ရှိသည့် နေရာများတွင် ပုဂ္ဂလိကလုပ်ငန်းများအား လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကာ အရည်အသွေးပြည့်မီသည့် သံများထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ နည်းပညာများမျှဝေပေးသွားမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here