ပြည်မြို့ရှိ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏သမိုင်းမှတ်တမ်းများအား စနစ်တကျထိန်းသိမ်းရန် နစက ဥက္ကဋ္ဌမှာကြား

0
181

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၄ ရက်(ယနေ့)ညနေပိုင်းတွင် ပဲခူး တိုင်း၊ပြည်မြို့ရှိ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

“သမိုင်းမှတ်တမ်းတွေကို စနစ်တကျထိန်းသိမ်းပြီး ပြတိုက်ကို ပြန်လည်မွမ်းမံရမှာဖြစ်သလို ရှေး ဟောင်းလက်ရာတွေကို ပြုပြင်ထိန်းသိမ်းရာမှာ မူလလက်ရာမပြတ်ပြုပြင်ထိန်းသိမ်းရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ရွှေဆံတော်စေတီတော်မြတ်ကြီးရှိ နှီးဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ကြည်ညိုကာ ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူပူဇော်ပြီးနောက် စေတီတော်ကြီးသမိုင်းပြ တိုက်အားကြည့်ရှုခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုကာစေတီတော်ကြီးရှိ ခေါင်းလောင်းတော်အား ၅ ချက်ထိုး၍ပူဇော်ပြီး စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေး အပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရ ယူခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here