မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေ

0
227

မလေးရှားနိုင်ငံ၊ Kemayan ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသားများကို မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ  ဒုတိယအတွင်းဝန် နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့ပြီးအထောက် အထားပြည့်စုံသူများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်တွင် မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ  ဒုတိယအတွင်းဝန် နှင့် တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ၊ Kemayan ထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား အမျိူးသမီး (၂၄)ဦး အမျိုးသား (၁၂)ဦး စုစုပေါင်း( ၃၆) ဦး အား သွားရောက်တွေ့ဆုံ စစ်ဆေးခြင်းနှင့်ခေါက်ဆွဲခြောက်၊ လိမ်းဆေးများ ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကာ အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။ 

မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှတာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့သည် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်၍ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအားပြန်လည်ပို့ဆောင်ခြင်းများကို ပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်က မလေးရှားနိုင်ငံ အစိုးရမှ စီစဉ်ပေးသည့် စင်းလုံးငှားလေယာဉ်ဖြင့် ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၉) ဦးအား

မြန်မာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here