၂၀၂၉ ခုနှစ် အာရှ ဆောင်းရာသီ အားကစားပြိုင်ပွဲကို ဆော်ဒီရှိ နီယွမ်မြို့တော်ကြီး၌ ကျင်းပသွားမည်

0
329

ရီယတ်၊ အောက်တိုဘာ ၄

ဆော်ဒီအာရေးဗီးယားသည် ၂၀၂၉ ခုနှစ် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲကို ၎င်း၏ အမေရိကန်ဒေါ်လာ ငါးရာ ဘီလီယံ ကုန်ကျခံတည်ဆောက်နေသော သဲကန္တရပေါ်ရှိ အနာဂတ်မြို့တော်ကြီး၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အောက်တိုဘာလ ၄ ရက် အင်္ဂါနေ့တွင် ရွေးချယ်ခံခဲ့ရသည်။

“ဆော်ဒီအာရေဗျရဲ့ သဲကန္တာရနဲ့ တောင်တန်းတွေဟာ မကြာခင် ပြုလုပ်တော့မယ့် ဆောင်းရာသီ အားကစားပြိုင်ပွဲတွေအတွက် ကစားကွင်းဖြစ်လာတော့မှာပါ” အာရှအိုလံပစ်ကောင်စီ (OCA) က ဖနွမ်းပင်မြို့တွင် ပြုလုပ်သော အထွေထွေညီလာခံအတွင်း ပြောကြားခဲ့သည်။

အဆိုပါ နီယွမ်ခေါ် အနာဂတ်မြို့တော်ကြီးသည် ဆောင်းရာသီ အားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပမည့် အနောက်အာရှမြို့ဖြစ်လာမည် ဖြစ်ပြီး အဆိုပါ ပွဲတော်အား ဆော်ဒီ၌ ကျင်းပမည့် အဆိုပြုချက်ကို အားလုံးက တညီတညွတ်တည်း အတည်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆောင်းရာသီ ပြိုင်ပွဲများကို နီယွမ်မြို့ရှိ ထရိုဂျန်နာတွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

ထရိုဂျန်နာအား ဆောင်းရာသီတွင် အပူချိန် သုညဒီဂရီ စင်တီဂရိတ်အောက် ရောက်ရှိနေစေရန် ပြုလုပ်ထားပြီး ၎င်း၏ တစ်နှစ်ပတ်လုံး အပူချိန်သည်လည်း ကျန်ဒေသများထက် ယေဘုယျအားဖြင့် ၁၀ ဒီဂရီ ပိုအေးမည်ဖြစ်ကြောင်း နီယမ်ပရောဂျက်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ထရိုဂျန်နာတွင် တစ်နှစ်ပတ်လုံး နှင်းလျှောစီးနိုင်မည့် နေရာ၊ လူလုပ် ရေချိုကန်၊ အပန်းဖြေအိမ်များ၊ စံအိမ်ကြီးများနှင့် အဆင့်မြင့်ဇိမ်ခံ ဟိုတယ်များ ပါဝင်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် အပြီးသတ်နိုင်ရန် စီစဉ်ထားသည်။

အင်္ဂါနေ့ (ယနေ့)က ဖနွမ်းပင်တွင် ကျင်းပခဲ့သည့် ပွဲကို တက်ရောက်ခဲ့သော ဆော်ဒီအယ်လ်ပိုင်း နှင်းလျှောစီးသမား Fayik Abdi က ငယ်ငယ်ကတည်းက မိမိ၏ မွေးရပ်မြေမှာ နှင်းလျှောစီးရလိမ့်မည်ဟု တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here