စက်သုံးဆီစျေးနှုန်းများဆက်တိုက်ကျဆင်း၊ 92 Ron တစ်လီတာလျှင် ၁၈၈၀ ကျပ်ဖြင့်ရောင်းချ

0
325

ရန်ကုန်တိုင်းအတွင်း၌ အောက်တိုဘာ ၅ ရက် (ယနေ့)တွင် 92 Ron တစ်လီတာလျင် ၁၈၈၀ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသည်ကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။ ရန်ကုန်တွင်း အချို့ဆီဆိုင်များတွင် 92 Ron တစ်လီတာလျှင် ၁၈၆‌၀ ကျပ်ဖြင့်ရောင်းချပေးလျှက်ရှိသည်။

ပဲခူးတိုင်းတွင်လည်း 92 Ron တစ်လီတာလျင် ၁၈၉၀ ကျပ်ဖြင့်ရောင်းချလျက်ရှိကာ မန္တလေး၊နေပြည်တော်၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော်တို့တွင် 92 Ron တစ်လီတာလျင် ၁၉၀၀ ကျပ်ကျော်၊မြစ်ကြီးနား၊စစ်တွေ၊ဟားခါးနှင့်ကျိုင်းတုံတိုတွင်လည်း 92 Ron တစ်လီတာလျင် ၂၀၀၀ ကျပ်ကျော်သာရှိခဲ့သည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၈၈၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၉၅၀ ကျပ်၊ HSD (500 ppm)မှာ တစ်လီတာလျင် ၂၄၈၀ ကျပ် သတ်မှတ်ခဲ့သည်။ 

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တိုမှာ တစ်လီတာလျင် ၂၆၀၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထိုပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၇၈၇ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၈၅၂ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၃၇၅ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၄၄၆ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here