အီလွန်မက်သည် တွစ်တာအား မူရင်းဈေး ၄၄ ဘီလီယံဖြင့် ပြန်လည်ဝယ်ယူရန် ကမ်းလှမ်း

0
210

ဘီလျံနာသူဌေးကြီး အီလွန်မက်သည် ယခင်က ကမ်းလှမ်းခဲ့သော မူရင်းဝယ်ဈေး ဒေါ်လာ ၄၄ ဘီလီယံဖြင့် တွစ်တာအား ပြန်လည်ဝယ်ယူသွားရန် တောင်းဆိုခဲ့ကြောင်း အောက်တိုဘာလ ၄ ရက် အင်္ဂါနေ့တွင် ပြသခဲ့သော ငွေကြေးဆိုင်ရာ စာချုပ်အရ သိရသည်။

အဆိုသဘောတူညီချက်သည် အီလွန်မက်အား ကမ္ဘာ့လွှမ်းမိုးမှုအား အကောင်းဆုံး မီဒီယာပလက်ဖောင်းများထဲမှ တစ်ခုဖြစ်သော တွစ်တာကို ဦးဆောင်သူ ဖြစ်လာစေမည် ဖြစ်ကာ လပေါင်းများစွာကြာမြင့်နေသော ၎င်းတို့ကြားရှိ တရားစွဲဆိုမှု ပဋိပက္ခများကိုပါ အဆုံးသတ်စေမည် ဖြစ်သည်။

အဆိုပါ သတင်းသည် အမေရိကန်နိုင်ငံ၊ ဒဲလာဝဲမြို့၊ ဂျော့ချတောင်းမြို့ရှိ တရားရုံးတွင် မက်နှင့် တွစ်တာတို့ ကြား ထိပ်တိုက်ရင်ဆိုင်ရမည့် အောက်တိုဘာလ ၁၇ ရက်နေ့ မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒဲလာဝဲ တရားသူကြီးသည် ယခုလက်ရှိ ဖြစ်ပွားနေသော တရားစွဲဆိုမှုကို ရပ်ဆိုင်းထားပေးမည်ဆိုပါက မူလစည်းကမ်းချက်များအတိုင်း စာချုပ်ချုပ်ဆိုရန် ရည်ရွယ်ထားသည်ဟု မက်က ပြောကြားခဲ့ကြောင်း တနင်္လာနေ့တွင် တွစ်တာသို့ ပေးပို့ခဲ့သော မက်၏ စာတစ်စောင်အရ သိရသည်။

မက်သည် ၎င်းနှင့် တွစ်တာကြားရှိ တရားစွဲဆိုမှုများအား အဘယ်ကြောင့် ရပ်တန့်ရန် ရွေးချယ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။

တွစ်တာသည် မက်၏ စာကို လက်ခံရရှိခဲ့ပြီး ဒေါ်လာ ၅၃ ဒသမ ၂၀ ဘီလီယံဖြင့် သဘောတူညီချက်အား အဆုံးသတ်ရန် ရည်ရွယ်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

အဆိုပါသတင်းကြောင့် တွစ်တာ၏ ရှယ်ယာဈေးမှာ ၁၂ ဒသမ ၄ ရာခိုင်နှုန်း ခုန်တက်သွားပြီး တက်စလာ၏ ရှယ်ယာဈေးမှာ ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်သွားကြောင်း သိရသည်။

Source:Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here