ရန်ကုန်တိုင်းအတွင်း၌ အလုပ်သမား ၃၀၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခုအား ခွင့်ပြုပေးခဲ့

0
248

ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ၏ စက်တင် ဘာနောက်ဆုံးပတ်ကပြုလုပ်ခဲ့သည့် (၉/ ၂၉၂၂) အစည်းအဝေးမှ ရန်ကုန်တိုင်းအတွင်းရှိ အလုပ် သမား ၃၁၄၉ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိမည့် ရန်းနှီးမြှုပ်နှံမှု ၅ ခုကို အတည် ပြုခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာငွေကျပ် ၁၃၉၂ ဒသမ ၄၀၃ သန်းနှင့်အမေရိကန်ဒေါ်လာ ၉ ဒသမ ၁၂၈ သန်းတန်ဖိုးရှိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခုတို့ကိုလုပ်ကိုင်ခွင့်ပြုခဲ့သည်။

CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ် ခြင်း၊ Warehoumng Sr. aren nd Logistica Services လုပ်ငန်း၊ CMP စနစ်ဖြင့်ဆက်သွယ်ရေးလုပ်ငန်းသုံး Signal Cable အမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြောင်းသိသည်

“အဲဒီလုပ်ငန်းတွေက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ရဲ့ လုပ်သားအင်အား ၃၁၄၉ ယောက်အတွက် ပြည်တွင်းအလုပ်အကိုင်း အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီသည် သြဂုတ်လအတွင်းကလည်း လုပ်သားအင်အား ၂၃၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း ၄ ခုကိုခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here