မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ သန်းကျော် ရှိလာ

0
156

မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ လူဦးရေမှာ ၁ သန်းကျော် ရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA Myanmar) ထံမှ သိရသည်။

မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် ပဋိပက္ခနှင့်လုံခြုံရေးတင်းကျပ်မှုများ ဆက်လက်ဖြစ်ပွားနေသောကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှုများနှင့်  လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ထပ်တိုးဖြစ်ပေါ်နေသည်ဟုဆိုသည်။

ဩဂုတ်လမှစတင်ပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် စက်တင်ဘာ ၂၇ ရက်အထိ ပြည်သူ ၁၇,၄၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးဖြစ်သည်ဟု သိရသည်။

အသွားအလာကန့်သတ်မှုများ၊ တိုးမြှင့်လာသည့် စစ်ဆေးရေးဂိတ်များနှင့် လမ်းပိတ်ဆို့မှုများ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကို ကန့်သတ်မှုများသည် ပြည်နယ်တဝှမ်းတွင် ရွှေ့ပြောင်းနေထိုင်ရသူများနှင့်ဘထိခိုက်ခံစားရသူများ၏ လက်ရှိအခက်အခဲများကို ပိုပြီးဆိုးဝါးစေသည်ဟု သတင်းထုတ်ပြန်ချက်များအရသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပြီး အင်းတော်မြို့နယ်၊ နန်းနောင်ကျေးရွာမှ လူ ၅၃၀ ခန့်သည်အင်းတော်မြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ယင်းတို့သည် ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် တည်းခိုနေထိုင်နေရကာ မြို့ခံပြည်သူများက စားနပ်ရိက္ခာ အကူအညီများ ပံ့ပိုးနေသည်ဟု သိရသည်။

အလားတူ တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကျေးရွာ ၂ ခုမှ လူ ၄၀၀ နီးပါးသည်လည်း နမ္မတူမြို့ပေါ် ဘုန်းတော်ကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်းများကို စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ရွှေ့ပြောင်းနေထိုင်နေရကာ

လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများက ရွှေ့ပြောင်းပြည်သူများကို အစားအစာများ၊ မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် ငွေသားထောက်ပံ့မှုများ ပေးထားသည်ဟု သိရသည်။

ကုလသမဂ္ဂ၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့အထိ နောက်ဆုံးစာရင်းများအရ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီးဖြစ်ပေါ်လာ သည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ လူဦးရေသည် ၁ သန်းကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here