စစ်ကိုင်းတွင် ရေနွေးအိုးအဟောင်းအတွင်း ထည့်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် ပလုံကောက်သည့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

0
332

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အုတ်စက်ရပ်၌ အောက်တိုဘာ ၄ ရက် ညနေ ပိုင်းက (၃) မိနစ်ရေနွေးကျိုအိုးအဟောင်းအတွင်း ထည့်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ပလုံကောက်သည့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အုတ်စက်ရပ်၌ နေထိုင်သည့် အသက် ၂၀ နှစ်အရွယ် မသင်္ကြန်ဆိုသူသည် အောက်တိုဘာ ၄ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ချင်းစုရပ်ကွက်၊ ချင်းစုမီးပွိင့်အနီးရှိ အမှိုက်ပုံမှ ကောက်ယူလာသည့် အဟောင်းပစ္စည်းများကို နေအိမ်ရှေ့၌ ပြန်လည်ရွေးထုတ်နေစဉ် ၎င်းကောက်ယူလာသည့် ထဲမှပါလာသည့် ၃ မိနစ်ရေနွေးကျိုအိုးအဟောင်းတစ်လုံးကို ဖွင့်ကြည့်ရာ အဆိုပါ အိုးအတွင်းထည့်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် မသင်္ကြန်ဆိုသူမှာ ယာမျက်လုံးထွက်ဒဏ်ရာ၊ ဝဲလက်ကောက်ဝတ် ပြတ်တောက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက်မန္တလေးဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here