မော်လမြိုင်တွင် ဆိုက်ကပ်ထားသော ဇက်ယာဉ်ပေါ်၌ ဆိုင်ကယ်တက်မောင်းရာမှ အရှိန်လွန်၍ ကျား(၁)ဦး သံလွင်မြစ်ထဲကျ

0
321

မွန်ပြည်နယ်၊ မော်လမြိုင်မြိုင်မြို့တွင် ဆိုက်ကပ်ထားသော ဇက်ယာဉ်ပေါ်၌ ဆိုင်ကယ်တက်မောင်းရာမှ အရှိန်လွန်၍ ကျား(၁)ဦး သံလွင်မြစ်ထဲကျသွားကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာ (၅) ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ မြိတ်တံတား(ခ) မြိတ်ဂျက်တီ၌ ဆိုက်ကပ်ထားသော ဇက်ယာဉ်ပေါ်တွင် ဆိုင်ကယ်တက်မောင်းရာမှ အရှိန်လွန်၍ ကျား(၁)ဦး သံလွင်မြစ်ထဲသို့ ကျသွားခြင်းဖြစ်သည်။

ထို့ကြောင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂ နာရီ ၁၃ မိနစ်တွင် ဆိုင်ကယ်အား ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ရေထဲကျသွားသော ကျား(၁)ဦးအား ဆက်လက်ရှာဖွေလျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here