ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်အတွင်း ထိုင်းဆန်တင်ပို့မှု တန်ချိန် ၈ သန်းကျော် အထိရှိလာနိုင်

0
142

နိုရူ တိုင်ဖွန်းမုန်တိုင်း၏ ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှု သည် မဆိုစလောက်သာရှိခဲ့ခြင်းနှင့် ထိုင်း ဘတ်ငွေတန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှ ပြည်ပသို့ ဆန်စပါးတင်ပို့မှု တန်ချိန် ၈ သန်းအထိ ရှိလာနိုင်ကြောင်း ထိုင်းစပါးတင်ပို့ရောင်းချသူများ အသင်း ဥက္ကဌက အောက်တိုဘာလ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းသည် ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့် နိုင်ငံဖြစ်ပြီး မနှစ်က ပြည်ပသို့ စပါးတန်ချိန် ၆ ဒသမ ၁၁ သန်း တင်ပို့နိုင်ခဲ့သည်။

စက်တင်ဘာလနှောင်းပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းများတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ရေကြီးရေလျှံမှုများသည် ကောက်ပဲသီးနှံအချို့ကို ပျက်စီးစေခဲ့သော်လည်း စပါးတင်ပို့မှုကိုမူ ထိခိုက်ခြင်းမရှိခဲ့ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ 

ဘတ်ငွေ အားနည်းမှုနှင့် အိန္ဒိယ၏ ပို့ကုန်ခွန်များကြောင့် ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု တန်ချိန်မှာ ၇ ဒသမ ၅ သန်း သို့မဟုတ် ၈ သန်းအထိ ရှိလာနိုင်သည်ဟု ၎င်းကဆိုသည်။

ကမ္ဘာအကြီးဆုံး ဆန်တင်ပို့သူ အိန္ဒိယနိုင်ငံသည် စက်တင်ဘာလတွင် ပြည်ပသို့ ဆန်ကွဲရောင်းချခြင်းကို တားမြစ်ခဲ့ပြီး ဆန်အမျိုးစားမျိုးစုံ တင်ပို့မှုအပေါ်လည်း အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံခဲ့သည်။

အခြေအနေ သိသိသာသာ ပြောင်းလဲမှုမရှိပါက ၂၀၂၃ ခုနှစ်တွင်လည်း ဆန်တန်ချိန် ၈ သန်း တင်ပို့နိုင်မည်ဟုလည်း ၎င်းက မျှော်လင့်ထားသည်။

စပါးအထွက်နှုန်း မြင့်မားမှုနှင့် ဘတ်ငွေအားနည်းမှုကြောင့် စက်တင်ဘာလတွင် အထက်ပါ အသင်းအဖွဲ့သည် ၎င်း၏ ပို့ကုန်ရည်မှန်းချက်ကို တန်ချိန် တန်ချိန် ၇ ဒသမ ၅ သန်းမှ တန်ချိန် ၇ ဒသမ ၅ သန်းသို့ မြှင့်တင်ခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here