တောင်ကြီးမြို့တွင် အမျိုးသား ၆ ဦးအား ငွေကျပ်သိန်း ၃၅၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိ

0
285

ရှမ်းပြည်နယ်၊တောင်ကြီးမြို့၊ကျောင်းကြီးစုရပ်ကွက်ရှိ ယာဥ်ရပ်နားကွင်းနှင့်ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ သီတာလမ်းတို့မှ အောက်တိုဘာ ၃ ရက်နံနက်ပိုင်းက အသီးသီးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၈ နာရီခွဲခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် ကျောင်းကြီးစုရပ်ကွက်၊ယာဉ်ရပ်နား ကွင်းတွင် စိုင်းဆိုင်နွံ(၃၀)နှစ်မောင်းကာ ခွန်အောင်ဆန်းဦး(၂၈)နှစ်လိုက်လာသည့် HONDA FIT ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်ရှိ ဆာလာအိတ်အတွင်းမှ အိုက်စ်(၂၀ ကီလို)အား ဖမ်းဆီးရမိ၍ စစ်ဆေးချက်အရ နေ့လည် ၁ နာရီခွဲတွင် ၎င်းတို့နေထိုင်သည့် ညောင်ရွှေဟော်ကုန်းရပ်ကွက်၊သီတာလမ်းရှိနေအိမ်အားရှာဖွေရာ မဗျာမလေး(ခ)သံစဉ်ချို(၂၃)နှစ်၊မျိုးအောင်(၄၀)နှစ်၊ဇော်မိုင်(၂၄)နှစ်နှင့်စိုင်းသက်ကို ကိုဦး(၂၇)နှစ်တို့အား စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here