“ပွင့်ဇာခြည်” ဇာတ်အဖွဲ့ ကားနှင့် ၂၂ ဘီးကား အာရှလမ်းတွင် တိုက်မိ၊ ဒဏ်ရာရသူများပြားဟုဆို

0
138

ယနေ့ ညနေပိုင်း မြဝတီ – ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်း အဆင်းတွင် “ပွင့်ဇာခြည်”ဇာတ်အဖွဲ့ကားနှင့် ၂၂ ဘီးတွဲကား တိုက်မိပြီး လူအများအပြား ဒဏ်ရာရှိထားကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၅) ရက် ညနေ (၄) နာရီဝန်းကျင်က အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များ ထွက်ခွာ ကူညီကယ်ဆယ်နေကြောင်း သိရသည်။

” လူနာများပြီး ကားခေါင်းထဲညှပ်နေသူများ ရှိနေသေးဟု လည်း သတင်းရရှိပါသည်။ ကယ်ဆယ်ရေးအဖွဲ့များ ထွက်ခွာနေဟု သတင်းရပါတယ်” ဟု ပရဟိတ သမားတစ်ဦးက လူမွန်ကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

ဓါတ်ပုံ – ကိုဘိုဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here