အာရှလမ်းတွင် “ပွင့်ဇာခြည်” ဇာတ်အဖွဲ့ကား တိမ်းမှော က်၊ အမျိုးသား (၅) ဦး သေဆုံး၊ (၂၀) ဦး အရေးပေါ်ပို့ထားရ

0
820

ယနေ့ အောက်တိုဘာ (၅) ရက် ညနေ (၄) နာရီခွဲ ဝန်းကျင်က မြဝတီ – ကော့ကရိတ် အာရှလမ်းမ ကွမ်းခြံကုန်းအဆ င်းတွင် “ပွင့်ဇာခြည်” ဇာတ်အဖွဲ့ကား တိမ်းမှောက်မှု ဖြစ် ပွားခဲ့ပြီး  (၅) ဦး သေဆုံးကာ ဒဏ်ရာရရှိသူ (၂၀) ဉီးကို မြဝတီဆေးရုံ အရေးပေါ်သို့ ပို့ဆောင်ထားရကြောင်း သိရသည်။

မြဝတီ – ကော့ကရိတ် အာရှလမ်း ကွမ်းခြံကုန်း အဆင်း မြဝတီ ဘက်ခြမ်းတွင် “ပွင့်ဇာခြည်”ဇာတ်အဖွဲ့ကားနှင့် ၂၂ ဘီးတွဲကား တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြော င်း သိရသည်။

” ကျွန်တော်တို့ အခုပဲ ပြန်ဆင်းလာတာပေါ့နော်။ လော လောဆယ်တော့ ကျး  (၅) ဦး သေဆုံးတယ်ပေါ့နော်။ ကျန်တဲ့အယောက်(၂၀) ကိုတော့ မြဝတီဆေးရုံ အရေးပေါ်ကို ပို့ထားတယ်” ဟု အခင်းဖြစ်နေရာသို့ သွား ရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆော င်ခဲ့သည့် သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုစိုးမိုးဌေးက ပေါ်ပြူလာ နယူးသို့ ပြော သည်။

အဆိုပါ တိမ်းမှောက်မှု ဖြစ်ပွားသည့် ယာဉ်ပေါ်တွင် အ မျိုးသား (၂၁) ဦး ၊  အမျိုးသမီး (၇) ဦး စုစုပေါင်း (၂၈) ဦး လိုက်ပါလာပြီး အမျိုးသား (၅) ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ – သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here