မိုးကုတ်တွင် ပေ ၁၈၀ အနက်ရှိ ကျောက်တွင်းဟောင်းအတွင်းသို့ အမျိုးသား ၁ ဦးပြုတ်ကျသေဆုံး

0
482

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းအုပ်စု၊ ရွှေတိုင်ရပ်ကွက်အတွင်းရှိ ပေ ၁၈၀ အနက်ရှိကျောက်တွင်းဟောင်း (ဂဲတွင်း) အတွင်းသို့ ယနေ့ (အောက်တိုဘာ ၅) ညနေပိုင်းက အမျိုးသား ၁ ဦးပြုတ်ကျသေဆုံးသွားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းအုပ်စု၊ ရွှေတိုင်ရပ်ကွက်အတွင်း ရှိအကျယ်(၆)ပေခန့်၊ အနက်(၁၈၀)ပေခန့် ရှိကျောက်တွင်းဟောင်း (ဂဲတွင်း) အပေါ်ရှိ ငြမ်းပေါ်သို့ အမျိုးသား ၁ ဦးတက်ကြည့်စဉ် ငြမ်းစင်ကျိုးပြီး ပြုတ်ကျသွားခြင်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် လယ်ဦးနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မိုးကုတ်မြို့နယ်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၅ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ပြုတ်ကျသွားသူကို သေဆုံးလျက် တွေရှိခဲ့သည့်အတွက် မိုးကုတ်မြို့နယ် မြတ်စေတနာ လူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here