သရေခေတ္တရာ ကမ္ဘာ့အမွေအနှစ်ဒေသ၏  မြန်မာ့သမိုင်းကို ကမ္ဘာ့အဆင့်မီပြသနိုင်ဖို့Digital Museum ပါသော ယဉ်ကျေးမှုဇုန် အဖြစ်လုပ်​ဆောင်မည်

0
407

ပဲခူးတိုင်း၊ပြည်မြို့ရှိ ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသအား နစက ဥက္ကဋ္ဌမှ အောက်တိုဘာ ၅ ရက်နံနက်ပိုင်းက သွား ရောက်၍ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

ပျူခေတ်ဝတ်စားဆင်ယင်မှုများအား ပြန်လည် ဖော်ထုတ်ရန်လိုအပ်ကာ ယနေ့ခေတ်တွင် ပျူမျိုးဆက်များနှင့်ပတ်သက်၍ သုတေသနပြုရန် လိုပြီး ယဉ်ကျေးမှုအရ ပြည်တွင်း၊ပြည်ပခရီး သွားများ လာရောက်လေ့လာခြင်းဖြင့် ပြည်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေ မည်ဖြစ်၍ ရှေးဟောင်းအမွေအနှစ်များကို စနစ် တကျထိန်းသိမ်းရန်လိုသည်ဟု မှာကြားခဲ့သည်။

တူးဖော်ရရှိသည့် ရှေးဟောင်းအမွေအနှစ်လက် ရာများ၊ဘုရား၊စေတီများ၊အဆောက်အအုံများ ထိန်းသိမ်းထားရှိမှုကို နောင်လာနောက်သားများ အထောက်အထားရရှိစေရန် ဓာတ်ပုံမှတ်တမ်းများ၊စာအုပ်စာတမ်းများဖြင့် ခုနှစ်၊သက္ကရာဇ်အ လိုက် စနစ်တကျမှတ်တမ်းထားရှိရန်လိုသည်ဟု မှာကြားသည်။

“ဓာတ်ပုံမှတ်တမ်းတွေ ရယူရာမှာ အရည်အသွေးကောင်းမွန်မြင့်မားတဲ့ ဓာတ်ပုံတွေဖြစ်ဖို့လိုပြီး ကွန်ပျူတာစနစ်နဲ့လည်း စနစ်တကျမှတ်တမ်းထားရှိဖို့လိုပါတယ်။ အရင်က မိမိတို့နိုင်ငံသူ၊နိုင်ငံ သားတွေရဲ့ သမိုင်းကြောင်းအစဉ်အလာမြင့်မားမှုတွေကို စနစ်တကျမှတ်တမ်းရေးမှတ်ထားတာမရှိလို့ ပျောက်ပျက်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်” ဟု နစက ဥက္ကဋ္ဌကဆိုသည်။

မိမိတို့၏ သမိုင်းကြောင်းဆိုင်ရာများကို စာအုပ်စာတမ်းများဖြင့် မှတ်တမ်းထားရှိခြင်း၊ကွန်ပျူ တာစနစ်ဖြင့်သိမ်းဆည်းခြင်းတို့ဖြင့် စနစ်တကျ မှတ်တမ်းထားရှိရန်လိုသည်ဟု မှာကြားသည်။

အိန္ဒိယနိုင်ငံ၊ ဗီဇကာပတ်တနန်မြို့က ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာမှ တူးဖော်ရရှိထားသည့် အ ဆောက်အဦးများ၊စေတီပုထိုးများ၊ရှေးဟောင်း ပ စ္စည်းများသည် မြန်မာနိုင်ငံရှိ ဟန်လင်းဗိဿနိုးသရေခေတ္တရာမြို့ဟောင်းများတွင် တူးဖော်ရရှိထားသည့် လက်ရာများနှင့်များစွာ တူညီမှုရှိ၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦး စီးဌာနမှ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာတာဝန်ရှိသူများ သွားရောက်လေ့လာကာ သမိုင်းကြောင်းတွေ့ရှိမှုများကို သုတေသနပြုဆောင်ရွက်ရန်လိုသည်ဟု မှာကြားသည်။

“ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာယဉ်ကျေးမှုဇုန် တစ်ခုလုံးကို ခြုံငုံမြင်တွေ့လေ့လာလို့ ရနိုင်တဲ့ View Point မျှော်စင်၊ အဓိကကျတဲ့ ရှေးဟောင်းယဉ်ကျေးမှုနေရာတွေကို Protection Area အဖြစ် ကာရံရပါမယ်၊ ယဉ်ကျေးမှုနယ်မြေကို နိုင်ငံတကာအဆင့်ရှိတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်အောင်ဆောင် ရွက်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

နိုင်ငံတကာမှ လာရောက်လေ့လာသူများ ကမ္ဘာ့အဆင့်မီ ကြည့်ရှုလေ့လာနိုင်ရန် ဆောင်ရွက်၍ မြန်မာ့သမိုင်းအား ခိုင်ခိုင်မာမာ အဆင့်ရှိရှိ ပြသနိုင်သည့် ကမ္ဘာ့အဆင့်မီယဉ်ကျေးမှုဇုန်ဖြစ်ရမည်ဖြစ်ကာ ရှေးဟောင်းယဉ်ကျေးမှုဇုန်များသည် ခရီး သွားလုပ်ငန်းအတွက် အရေးကြီးသည့်နေရာများဖြစ်သည်ဟု ပြောသည်။

“နိုင်ငံတကာက လာရောက်လေ့လာတဲ့ ပညာရှင်တွေ ဝါသနာရှင်တွေကတဆင့် မြန်မာ့သမိုင်းကို ကမ္ဘာမှာ ထည်ဝါစေရမှာဖြစ်ပါတယ် ရှေးဟောင်း သုတေသနနည်းပညာသင်တန်းကျောင်းအနေနဲ့ သမိုင်းကြောင်းဆိုင်ရာသင်ကြားမှုတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ် လို အပ်တာတွေကိုလည်း နိုင်ငံတော်ကကူညီဆောင် ရွက်ပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

သမိုင်းအထောက်အထားများအား စနစ်တကျ ထိန်းသိမ်းထားရှိ၍ ပြတိုက်အတွင်း ခင်းကျင်းပြ သထားသည့် ဓာတ်ပုံများနှင့်ခုနှစ်၊သက္ကရာဇ်များ၊ တူးဖော်ရရှိသည့်နေရာများကို အလွယ်တကူ လေ့ လာသိရှိနိုင်ရန် ရှင်းလင်းစွာစာတန်းထိုးထားရန် လိုပြီး ပျူစာဖြင့်ရေးထိုးထားသည့် ကျောက်စာများကို သမိုင်းပညာရှင်များဖြင့် ဘာသာပြန်၍ အများပြည်သူလေ့လာနိုင်ရန်ထားရှိရမည်ဖြစ်ပြီး ရှေးခေတ်လက်ရာ ဒင်္ဂါးပြားများ၊လက်ဝတ်ရတနာများကို LED Screen ဖြင့်အနီးကပ်လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကာ Digital Museum အဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် သရေခေတ္တရာယဉ် ကျေးမှုဇုန်အတွင်းရှိ နန်းတော်ရာနေရာသို့ သွား ရောက်၍ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုပြီး နန်းတော်ရာတွင်ရှိသည့် ကျုံးကိုပြန်လည်တူးဖော်ရန်လည်းမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here