မြန်မာ့အရေးပုံစံသစ်ဖြင့်ချဉ်းကပ်ရန် ဖိလစ်ပိုင်သမ္မတတောင်းဆိုမည်

0
215

မနီလာ၊အောက်တိုဘာ ၅

လာမည့် နိုဝင်ဘာလ၌ ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေးတွင် မြန်မာနိုင်ငံ အကျပ်အတည်းအတွက် ချဉ်းကပ်မှုအသစ်ကိုအဆိုပြုမည်ဟု ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာက ပြောကြားခဲ့သည်။

 ဗိုလ်ချုပ်ကြီးများသည်အာဆီယံနှင့်သဘောတူထားသည့် ဘုံသဘောတူညီချက် ငြိမ်းချမ်းရေးအစီအစဉ်ငါးရပ်ကို လိုက်နာရန် ရည်ရွယ်ကြောင်းပြောကြားခဲ့သော်လည်း အကြမ်းဖက်သမားများဟု၎င်းတို့ကခေါ်သော ဒီမိုကရေစီတော်လှန်ရေးလှုပ်ရှားမှုပြုလုပ်သူများနှင့် တွေ့ဆုံဆွေးနွေးရန်တောင်းဆိုချက်ကိုမူ သဘောမတူကြောင်း ပြောထားသည်။

“အနိမ့်ဆုံးအဆင့်အနေနဲ့တော့ တပ်မတော်အစိုးရကိုယ်စားလှယ်တွေကို  ဆွေးနွေးပွဲထဲခေါ်ပြီး ခိုင်မာတဲ့အချက်အလက်အချို့ကို တင်ပြဖို့အချိန်တန်ပါပြီ၊ဒီအကြောင်းအရာတွေကို စတင်ဆွေးနွေးဖို့အချိန်တန်ပါပြီ” ဟု သမ္မတမားကို့စ်ကပြောကြားခဲ့သည်။

သမ္မတ မားကို့စ်သည် အမေရိကန်သမ္မတ ဘိုင်ဒန် နှင့်လည်း မြန်မာ့အရေးကို လွန်ခဲ့သော နှစ်ပတ်ခန့် (စက်တင်ဘာ ၂၂)က နယူးယောက်တွင် ဆွေးနွေးခဲ့သေးသည်။

ဗုဒ္ဓဟူးနေ့ကလည်း လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ နိုင်ငံရေးနယ်ပယ်မှမဟုတ်သည့် ကိုယ်စားလှယ်တစ်ဦးအား လာမည့်နိုဝင်ဘာလတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေးသို့စေလွှတ်ပေးရန် တိုက်ရိုက်တောင်းဆိုထားကြောင်း ရိုက်တာသတင်းဌာနသို့အတည်ပြုပြောကြားခဲ့သည်။

သို့သော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယင်းသို့သောနိုင်ငံရေးနယ်ပယ်မှမဟုတ်သည့် ကိုယ်စားလှယ်စေလွှတ်ရန်ငြင်းပယ်ထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ပြောကြးခဲ့သည်။

Ref: Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here