ဂျပန်နိုင်ငံသား တိုရုကူဘိုတာကို ထောင်ဒဏ် ၇ နှစ် ချမှတ်

0
304

ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တိုရ ကူဘိုတာ (Toru Kubota) ကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပြီဖြစ်ကြောင်း နစက ပြန်ကြားရေးထံမှ သိရသည်။

ဂျပန်နိုင်ငံသား တိုရုကူဘိုတာကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ က နှင့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ ၃၃ (က) တို့ဖြင့် တစ်ပေါင်းတည်းထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လ၀က ဥပဒေ ၁၃ (၁) ဖြင့် တရားရုံးတွင်ဆက်လက်နေဆဲဖြစ်သည်ဟုလည်း သိရသည်။

တိုရုကူဘိုတာသည် ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ရန်ကုန်မြို့ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဆန္ဒပြပွဲတစ်ခုတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here