ဂျပန်အရေးပြီးနောက် ဒုံးကျည်များ ထပ်မံပစ်လွှတ်ခဲ့သည့် မြောက်ကိုရီးယား

0
211

အမေရိကသည် ကိုရီးယားကျွန်းဆွယ်အနီးတွင် ၎င်း၏လေယာဉ်တင်သင်္ဘောကို ပြန်လည်တပ်ဖြန့်ချကာ တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် မြောက်ကိုရီးယားသည် အောက်တိုဘာလ ၆ ရက် ကြာသပတေးနေ့၌ တာတိုပစ်ဒုံးကျည်နှစ်စင်းကို အရှေ့အရပ်သို့ ပစ်ခတ်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုသည် အင်္ဂါနေ့တွင် ဂျပန်ကို ဖြတ်ကျော်၍ ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြီးနောက် သုံးရက်အတွင်း ဒုတိယအကြိမ်မြောက် ထပ်မံပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။

ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော ယင်းဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်များ (JCS) နှင့် ဂျပန်အစိုးရတို့က အစီရင်ခံခဲ့သည်။

“စက်တင်ဘာလကုန်ကစလို့ ရေတွက်လိုက်ရင် အချိန်အတိုအတွင်းမှာ ပစ်လွှတ်ခဲ့တာ ဒါနဲ့ဆို ခြောက်ကြိမ်မြောက်ပါပဲ၊ လုံးဝ သည်း ညည်း ခံလို့မရပါဘူး” ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သတင်းထောက်များကို ပြောကြားခဲ့သည်။

ပထမ ဒုံးကျည်ကို မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော် ပြုံယမ်းအနီးရှိ နေရာတစ်ခုမှ မြန်မာစံတော်ချိန် နံနက် သုံးနာရီခွဲ တွင် ပစ်လွှတ်ခဲ့ပြီး ၂၂ မိနစ်အကြာတွင် ဒုတိယတစ်စင်းကို ထပ်မံပစ်လွှတ်ခဲ့သည်။

ကြာသပတေးနေ့က ဒုံးကျည်ပစ်လွှတ်ခြင်းမှာ အမေရိက သည် တောင်ကိုရီးယားနှင့် ပူးတွဲ ဒုံးကျည်လေ့ကျင့်မှုများ ပြုလုပ်ခြင်းနှင့် ၎င်း၏ လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ် ရေဂန် ကို ကိုရီးယားကျွန်းဆွယ် ရေပိုင်နက်အတွင်း ရုတ်တရတ် ပြန်လည် တပ်ဖြန့်ချထားခြင်း အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါဒုံးကျည်မှာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိက ပိုင်နက်ဖြစ်သော ဂူအမ်ကျွန်းအထိ ရောက်ရှိနိုင်စွမ်းရှိသည့် ဟွာဆောင်း-၁၂ ဒုံးကျည်ဖြစ်နိုင်ပြီး နျူကလီးယားထိပ်ဖူးကိုပါ သယ်ဆောင်နိုင်စွမ်းရှိကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here