နှစ်ပေါင်း ၈၀၀ သက်တမ်းရှိကြွေထည်များ အီတလီကမ်းလွန်တွင်တွေ့

0
117

ရောမ၊အောက်တိုဘာ ၆

အီတလီရေငုပ်ရဲများသည် တက်စကာနီကမ်းရိုးတန်းတွင် ရှားပါးရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်သည့် ၁၃ ရာစုလုပ် အလှဆင်ထားသောပန်းကန်ပြားများနှင့်ပန်းကန်လုံးများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရှိရသည်။

Pisa နှင့် Livorno ကမ်းရိုးတန်းဒေသများအနီး ပုံမှန်ရေငုပ်လေ့ကျင့်ခန်းပြုလုပ်နေစဉ် အရာရှိများသည် ပန်းကန်လုံးများ၊ပန်းကန်ပြားများနှင့် ပန်းကန်အပိုင်းအစများကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Guardia di Finanza ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

ယခုဆယ်ယူရရှိထားသော ပစ္စည်းများသည် အချိန်ကာလတူပြီး သင်္ဘောတစ်စီးတည်းမှပင်ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီး ၎င်းတို့အား ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျွမ်းကျင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုတွေ့ရှိသောပစ္စည်းများသည် အီတလီနိုင်ငံအနောက်မြောက်ဘက်ရှိ ဆိပ်ကမ်းမြို့ဖြစ်သည့် Savona မှထွင်းထုထားသော မြေအိုးများဖြစ်ပြီး ၁၃ ရာစုလက်ကျန်ပစ္စည်းများဖြစ်သည်ဟု ကျွမ်းကျင်သူများဖော်ထုတ်ပြသခဲ့သော်လည်း ရှေးဟောင်းသုတေသနဆိုင်ရာ စစ်ဆေးမှုများကိုမူ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here