ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင်ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ပွဲကျင်းပမည်

0
186

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ အောက်တိုဘာ ၉ ရက်(သီတင်းကျွတ်လပြည့်နေ့)နှင့်အောက်တို ဘာ ၁၀ ရက်(သီတင်းကျွတ်လပြည့်ကျော်တစ်ရက်)တို့တွင် နှစ်ရက်ဆက်တိုက် ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ပွဲအား ရွှေတိဂုံစေတီတော်ဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ ရဟန်းရှင်လူပြည်သူများ မြတ်စွာဘုရားရှင်အား ဆီမီးပူဇော်နိုင်စေရန် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်နိုင်မည့် နေရာများနှင့်ဆီမီးခွက်များကိုလည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးထားမည်ဖြစ်ကာ သီတင်းကျွတ်အဖိတ်နေ့ ညပိုင်းတွင်လည်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှဝန်ထမ်းများနှင့်ဝေယျာဝစ္စအ ဖွဲ့များပူးပေါင်း၍ ရင်ပြင်တော်ပေါ်ရှိ အာရုံခံတန် ဆောင်း ၄ ခုနှင့်ဘုရားပတ်ပတ်လည်တွင် လျှပ် စစ်မီးရောင်စုံများနှင့်ဆီမီးများထွန်းညှိပူဇော်သွားမည်ဖြစ်သည်။

“မနက်ပိုင်းမှာ ရွှေတီဂုံစေတီတော်မြတ်ကြီးကို ဆွမ်းတော်ကြီးကပ်လှူမယ် ညပိုင်း ဘုရားပတ် ပတ်လည်မှာ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်သွားပါမယ် ရဟန်းရှင်လူပြည်သူတွေကိုယ်တိုင် မည်သူ မဆို ဆီမီးထွန်းညှိပူဇော်ပြီး ပါဝင်ကုသိုလ်ယူနိုင်အောင် ဂေါပကအဖွဲ့ကစီစဉ်ပေးထားပါတယ်”ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here