ထိုင်း မူကြိုကျောင်းပစ်ခတ်မှုဖြစ်ပွား၊ လူပေါင်း ၃၁ ဦး သေဆုံး

0
246

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုရှိ နေ့ကလေးထိန်းဂေဟာ၌ ပတ်ခတ်မှုကြီးတစ်ခုဖြစ်ပွားခဲ့ရာလူ ၃၁ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများတွင် ကလေးများနှင့် လူကြီးများ ပါဝင်ကြောင်း၊ သေနတ်သမားမှာ ရဲအရာရှိဟောင်းတစ်ဦးဖြစ်ပြီး ၎င်းအား လိုက်လံရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်က အစိုးရဌာနအားလုံးကို အဆိုပါကိစ္စအပေါ် အရေးယူ ဆောင်ရွက်ရန်နှင့် တရားခံကို အမြန်ဆုံး ဖမ်းဆီးပါရန် နှိုးဆော်ထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုမှာ ဒေသစံတော်ချိန် မွန်းလွဲပိုင်း ဂေဟာ၌ ကလေးငယ်များ အိပ်ပျော်နေစဉ် ဖြစ်ပွားခဲ့သည်။

ပစ်ခတ်မှုမှာ နောင်ဘူရာ လမ်ဖူ ပြည်နယ် နာကလန် ခရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

ဂေဟာရှိ ကလေးများသည် မူကြိုအရွယ်များဖြစ်ကြောင်း ရွာသူကြီး Chanpen Dechpok က ဒီဂါဒီးယန်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် သေနတ်ကိုင်ဆောင်မှုနှုန်းသည် ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြင့်မားသည်။

ထိုင်းနိုင်ငံ၌ ယင်းကဲသို့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ရှားပါးသော်လည်း ၂၀၂၀ ပြည့်နှစ်တွင် စစ်သားတစ်ဦးသည် အိမ်ခြံ‌ မြေ သဘောတူစာချုပ် ကြောင့် ဒေါသထွက်၍ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရရှိခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here