စစ်ကိုင်းမြို့ရှိ လဝက ရုံး၌လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွား၊(၅)နှစ်အရွယ်ကလေးတစ်ဦးအပါအဝင်(၂ )ဦးဒဏ်ရာရ

0
332

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့၊ပါရမီရပ်ကွက်ရှိ မြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦး စီးဌာနရုံးရှေ့တွင် အောက်တိုဘာ ၄ ရက်နေ့နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲခဲ့သည်။

ယင်းနေ့နံနက် ၁၁ နာရီခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက ပါရမီရပ်ကွက်ရှိ မြို့နယ် လဝက ရုံးအား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ် ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here