ရန်ကုန်တွင် တစ်ပိဿာလျင် သိန်း ၂၅၀၀ ဝန်းကျင်ဖြင့် ရွှေ (၃) ပိဿာ တစ်ဦးတည်း လေလံအောင်

0
304

ရန်ကုန်မြို့ ကမ္ဘာအေး ကျောက်မျက်ရတနာ ခန်းမတွင် ရွှေ (၃) ပိဿာကို လေလံတင် ရောင်းချပေးခဲ့ရာ တစ်ကျပ်သားလျင် ၂၅ သိန်း ဝန်းကျင်ဖြင့် လေလံရရှိသွားကြောင်း သိရသည်။

ရွှေဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ လေလံစနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ဆက်လက် ၍ လည်း ရောင်းချပေးသွားဦးမည်ဖြစ်ကြောင်း ရန်ကုန်တို င်း ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူ လာနယူး(စ်) သို့ ပြောသည်။

” ပထမ တစ်ပိဿာက ၂၅၃,၅၉၉,၉၀၀ ၊ ဒုတိယ တစ်ပိ ဿာပေါ့  ၂၅၆,၉၉၉,၉၀၀ ၊ တတိယ တစ်ပိဿာက ၂၄၉,၉၉၉,၉၀၀  နဲ့ အောင်သွားပါတယ် ။ ၃ ပိဿာလုံး တစ်ဦးတည် လေလံအောင်တာပေါ့နော်။ လုံခြုံရေးအရ ဘယ်သူဘယ်ဝါဆိုတာတော့ မပြောတော့ဘူး ” ဟု ဦးမျိုးမြင့်က ပြောသည်။

လေလံကြမ်းခြင်း ဈေးအနေဖြင့် တစ်ပိဿာ ကျပ်သိန်း ၂၄၀၀ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခုလေလံ အောင်သည့် ဈေးနှုန်းများမှာ ရွှေတစ်ကျပ်သားလျင် ၂၅ သိန်းကျပ် ဝန်းကျင်ဖြင့် လေလံအောင်မြင်သွားခြင်း ဖြစ်သည်။

အောက်တိုဘာ (၇) ရက်တွင်လည်း မန္တလေးမြို့တွင် ရွှေ စင်ရွှေတုံး (၇) ပိဿာကို ရန်ကုန်နည်းတူ လေလံစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး ရန်ကုန်တွင်လည်း လိုအပ်ပါက အလျဉ်းသင့်သလို ဆက်လက်ရောင်း ချပေးသွားဦးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

” မန္တလေး ပြီးသွားရင် တို့ ရန်ကုန်လည်း ပြန်လာမှာပေါ့ကွာ။ ဘယ်တော့ ဘာညာ ရက်တော့ သတ်မှတ်ထားတာ မရှိဘူး ။ ရွှေဈေး မကျသေးဘူးဆိုရင် ထပ်ရောင်းမှာပေါ့ ” ဟု ဦးမျိုးမြင့်က ပြောသည်။

အစိုးရအနေဖြင့် ပြည်တွင်း ရွှေဈေးနှုန်းကို ထိန်းချုပ်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ရွှေဒင်္ဂါး ထုတ်ရောင်းပေးနေသ ည့် အစီအစဉ်တွင်လည်း ပုံမှန်ရောင်းချပေးနေပြီး လိုအပ်သလောက် ဝယ်ယူနိုင်ကြောင်းလည်း ရန်ကုန် ရွှေအသင်းမှသိရသည်။

ယနေ့ အောက်တိုဘာ (၆) ရက် ပြင်ပဈေးကွက်တွင် ခေါ က် ရွှေတစ်ကျပ်သားလျင် (၂၇) သိန်းအောက်သို့ ပြန်လ ည် ကျဆင်းခဲ့ပြီး ဒေါ်လာဈေးနှုန်းမှာ အမေရိကန် တစ်ဒေါ်လာ ၂၉၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here