ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် သေနတ်ပစ် ခတ်မှုနှင့်ဗုံးပေါက်ကွဲမှုဖြစ်ပွား မိန်းကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၇ ဦးဒဏ်ရာရ

0
312

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊(၈၈) ရပ်ကွက်၏ စကားဖြူလမ်းတွင် အောက်တိုဘာ ၅ ရက်ညပိုင်းက သေနတ်ပစ်ခတ်မှုနှင့်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယင်းနေ့ည ၇ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးသည် စကားဖြူလမ်းအတွင်းသို့ မောင်းနှင်ရောက်ရှိလာပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ကာ ဗုံးဖြင့်ပစ်ပေါက် ၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် အသက်(၆)နှစ်အရွယ် မိန်းက လေးတစ်ဦးအပါအဝင် အမျိုးသမီး ၇ ဦးတို့၌ ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။

“ညကတော့ ဗုံးပေါက်သံကော သေနတ်ပစ်သံတွေကောကြားရတယ် နောက်ပြီး လူနာတင်ကားသံ တွေလည်းကြားတယ် ဒဏ်ရာရတဲ့လူများတယ်လို့သိထားတယ် စစ်သားတွေကော ရဲတွေကောရောက်လာကြတယ်”ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သွားသူ များအား ဖမ်းဆီးရမိရေးအတွက် ၈၈ ရပ်ကွက်အ တွင်း ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများနှင့်ဖြတ်သန်းသွားလာနေသည့် ဆိုင်ကယ်များအား တားဆီးစစ် ဆေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here