ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတားအမှတ် (၂) မှ ကုန် ကားနှင့် အိမ်စီးကားများ မဲဆောက်သို့ ပြန်လည်ဝင်ခွင့်ပြု 

0
391

ထိုင်း – မြန်မာ အမှတ်(၂) ချစ်ကြည်ရေး တံတားမှတဆင့် ကုန်ကားနှင့် အိမ်စီးကားများ မဲဆောက်မြို့တွင်းသို့ ဝင်ရောက်ခွင့်ကို ထိုင်းဘက်ခြမ်းက ပြန်လည်ခွင့်ပြုပေးလို က်ပြီ ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၅) ရက်မှ စတင်ကာ အဆိုပါ အစီအစဉ်ကို စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း မြဝတီဒေသခံများ ထံမှ သိရသည်။

” တံတားတွေက ပိတ်ထားတာ (၂) နှစ်ကျော်လောက်ရှိပြီ ။ ကိုဗစ်စဖြစ်တည်းကပေါ့နော် ။ ကုန်ကားတွေအနေနဲ့ တံတား (၂) ကဖြစ်ပြီး ဟိုဘက်ထိပ်မှာ ကားချိန်းရတာပေါ့နော်။ အခုတော့ မဲဆောက်ထဲ ဖြတ်ခွင့်ပြုလိုက်ပြီပေါ့ ။ အရင်က လိုပါပဲ။ မနက်ဝင် ညနေ ပြန်ထွက်ပေါ့နော် ။ အိမ်ကားတွေလည်း ဝင်လို့ရပြီပေါ့။ ကားသမားတွေအ တွက် ကောင်းတာပေါ့ ” ဟု မြဝတီမြို့ခံ တစ်ဦးက ပြော သည်။

ယခုကဲ့သို့ ပြန်လည်ဝင်ရောက်ခွင့် ပြုရာတွင် ကုန်ကားတစ်စီးလျှင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၃) ဦး၊ အိမ်စီးကား တစ်စီးလျင် ယာဉ်မောင်းအပါအဝင် (၅) ဦး လိုက်ပါခွင့် ရှိကြောင်း သိရသည်။

ဝင်ရောက်ရာတွင်လည်း လိုက်ပါမည့်သူများအ နေဖြင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးပြီးကြောင်းလက်မှတ်၊ယာဥ်မောင်းလိုင်စင်နှင့်စာ ရွက်စာတမ်းများပြည့်စုံကြောင်း သက်သေခံကဒ်ပြားများပါရှိရမည်ဖြစ်သည်။

“ထိုင်းနိုင်ငံက ကိုဗစ်စည်းကမ်းချက်တွေကိုလျော့ချလိုက်တယ် အဲဒါကြောင့် ကုန်တင်ကားတွေနဲ့ကုန်သည်တွေကုန်ပစ္စည်းဝယ်ဖို့အတွက် ခွင့်ပြုပေးတဲ့သဘောပါ ခွင့်ပြုထားတဲ့မြို့ထက်တော့ကျော်သွားလို့မရဘူး”ဟု ထိုင်းနိုင်ငံမှကုန်ပစ္စည်းများအားဝယ်ယူ၍ မြန်မာနိုင်ငံသို့ပြန်လည်တင်သွင်းနေသည့် ကုန်သည်တစ်ဦးကပြောသည်။

” မနေ့က စဖွင့်တာပေါ့နော် ။ ဒီနေ့တော့ အစီး (၅၀/၆၀) ဖြတ်ကြတယ်။ ဈေးဝယ်ထွက်တဲ့သူတွေရယ် ၊ ကုန်ကားတွေလည်း ပါပါတယ်။ နောက်ပိုင်းတော့ ပုံမှန် ပြန်ဖြစ် လာတော့မှာပါ ” ဟု အဆိုပါ မြဝတီ ဒေသခံက ပြော သည်။

ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတား အမှတ်(၁) နှင့် (၂) ကို ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားသည့် ကာလတစ် လျှောက် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုအ တွက် သတ်မှတ်ရက်ဖြင့်သာ ဖွင့်ပေးခဲ့ရာမှ ယခုလို ပြန် လည်ဖြတ်သန်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အမှတ် (၁) တံတားနှင့် အမှတ် (၂) တံတား ပြန်လည်ဖွင့်လှစ်ရန် နှစ်နိုင်ငံ အစိုးရကြားနှင့် ဒေသအာဏာပိုင်များအကြား ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကပင် ဖြစ်ပြီး တံတားအမှတ် (၁) မှာ လက်ရှိအချိန်ထိ ဖြတ်သန်းခွင့်မပြုသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here