တန်းမြင့်ဆန်အချို့အား အာဖရိကနိုင်ငံအပြင် တ ရုတ်နိုင်ငံသို့ပါ တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိ

0
163

နေပြည်တော်၊မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း(ဗဟိုဌာန-၂)၌ အောက်တိုဘာ ၆ ရက်(ယနေ့) နံနက်ပိုင်းက “နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ဆန်စပါးဖြင့်ကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့် မြန်မာ့ဆန်စပါးညီလာခံ ၂၀၂၂ အားကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ မြန်မာနိုင်ငံမှဆန်စပါးတင်ပို့ရောင်းချနေမှာများနှင့်ပတ်သက်၍ 

“မြန်မာနိုင်ငံဟာ လွတ်လပ်ရေးမရရှိမီကာလက ဆန်တင်ပို့မှုမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရပ် တည်နိုင်ခဲ့ပါတယ် ၁၉၃၀ ပြည့်နှစ်ဝန်းကျင်မှာ ပြည်ပကို ဆန်တန်ချိန် ၃ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံအ ဖြစ်ရပ်တည်ခဲ့ပါတယ်”ဟု​ပြောကြားခဲ့ သည်။

ပြည်ပသို့ ဆန်တင်ပို့မှုအနည်းငယ်ကျဆင်းခဲ့ပြီးနောက် ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှစတင်၍ ပြည်ပတင်ပို့နိုင်မှု ပြန်လည်တိုးတက်လာခဲ့ကာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၆ သန်းအား နိုင်ငံ ၆၄ နိုင်ငံအထိ ပြန်လည်တင်ပို့နိုင်ခဲ့သည်ဟု ပြောသည်။

“လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ၆ လတာကာ လအတွင်းမှာ ဆန်တန်ချိန် ၅ သိန်းကျော်နဲ့ဆန်ကွဲတန်ချိန် ၃ ဒသမ ၆ သိန်းကို နိုင်ငံ ၃၈ နိုင်ငံဆီတင်ပို့နိုင်ခဲ့ပါတယ် အရင်နှစ်ကာလတူထက် ဆန်၊ဆန် ကွဲတန်ချိန် ၂ သိန်းကျော် ပိုမိုတင်ပို့နိုင်တာကို တွေ့ရပါတယ်”ဟု နစက ဥက္ကဋ္ဌကဆိုသည်။

ဆန်အရည်အသွေးကောင်းမွန်ရေးသည် ပြည်ပဆန်တင်ပို့မှုတွင်အရေးပါပြီး အချို့ပြည်ပနိုင်ငံများသို့ ပေါင်းဆန်တင်ပို့ရာ၌ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၆၀ မှ ၅၀၅ အထိ ဈေးရရှိကာ ဘ ဏ္ဍာနှစ် ၆ လပတ်အတွင်း ဆန်တင်ပို့မှုတန်ချိန် ၈ ဒသမ ၆ သိန်းအနက် ပေါင်းဆန် ၅ ရာခိုင်နှုန်း၊ဆန် ကွဲ ၄၂ ရာခိုင်နှုန်း၊ပုံမှန်ဆန်တင်ပို့မှု ၅၃ ရာ ခိုင်နှုန်းရှိသည်ဟု ပြောသည်။

မြန်မာ့ဆန်အား လွန်ခဲ့သည့်ကာလများက အာဖရိကနှင့်ဥရောပနိုင်ငံများသို့ အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ရာမှ ယခုအခါ အာရှဈေးကွက်သို့ပိုမိုတင်ပို့လာသည်အထိ ဈေးကွက်ကျယ်ပြန့် ပြောင်းလဲလာသည်ဟုသုံးသပ်ပြသည်။

“ဒါ့ကြောင့် ဈေးကွက်အသစ်တွေကို ရှာဖွေတင်ပို့ဖို့လိုအပ်သလို မူလရရှိပြီးသား ဈေးကွက်တွေကိုလည်း ရေရှည်ဆက်လက်တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက အား​ပေးခဲ့သည်။

မြန်မာ့ဆန် ဝယ်ယူနေသည့်နိုင်ငံများထဲတွင် ယ ခင် ၃/၄ နှစ် ကဝယ်ယူမှုရှိပြီး လက်ရှိပျောက်ကွယ်နေသည့် အာဖရိကနှင့်တောင်အာရှဈေး ကွက်များအား ဆန်ပြန်လည်တင်ပို့ရောင်းချနိုင်ရေးနှင့်ဈေးကွက်ပြန်လည်ရရှိရေးအတွက် ကြိုး ပမ်းဆောင်ရွက်သွားရမည်ဟု ဆိုသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တတိယအကြိမ်အဖြစ် ဆန်တန်ချိန် ၂ သိန်းရောင်းချနိုင်ဖို့ ဆောင်ရွက်နေပါတယ် တန်းမြင့်ဆန်တချို့ကိုလည်း အာဖရိကနိုင်ငံအပြင် တရုတ်နိုင်ငံကိုပါ တိုးမြှင့်တင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြော သည်။

နိုင်ငံတကာဈေးကွက်အခြေအနေများကို မျက်ခြည်မပြတ်လေ့လာသုံးသပ်၍ ပြည်တွင်းစားနပ် ရိက္ခာဖူလုံရေးနှင့်ပိုလျှံမှုအား ပြည်ပသို့စနစ်တ ကျတိုးချဲ့တင်ပို့နိုင်ရန် အလေးထားစီစဉ်လုပ် ဆောင်သင့်ကာ အရည်အသွေးကောင်း တန်းမြင့်ဆန်များ ပိုမိုထုတ်လုပ်တင်ပို့ရောင်းချမှုမှ ဝင်ငွေတိုးတက်ရရှိမည်ဖြစ်၍ ကြိုးပမ်းလုပ်ဆောင်ရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here