နိုင်ငံတော်မှ ဆန်စပါးကဏ္ဍအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးသွားမည်

0
391

နေပြည်တော်၊မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း(ဗဟိုဌာန-၂)၌ အောက်တိုဘာ ၆ ရက်နံနက်ပိုင်းက “နိုင်ငံ့စီးပွားမြှင့်တင်ဖို့၊ဆန်စပါးဖြင့်ကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်ပြုလုပ်သည့် မြန်မာ့ဆန်စပါးညီလာခံ-၂၀၂၂ တွင် နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“မကြာမီရောက်ရှိတော့မယ့် နွေစပါးရာသီအ တွက် ၈ ဒသမ ၅ သိန်းဧကကို အကျိုးတူလယ်ယာစနစ်(Contract Farming)ဆောင်ရွက်ဖို့ နိုင်ငံ တော်က တစ်ဧကကို ကျပ် ၂ သိန်းနှုန်းနဲ့ အထူးချေးငွေစီစဉ်ပေးမှာဖြစ်ပါတယ် ဆန်စပါးအတွက် ငွေကျပ် ၁၄၀ ဘီလီယံအထိ ထောက်ပံ့ပေးဖို့စီစဉ်ထားပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ယင်း ထောက်ပံ့မှုများသည် မျိုး၊မြေဩဇာ စသည့် သွင်းအားစုအတွက် ထောက်ပံ့မှုဖြစ်ပြီးအကျိုးရှိစေရန်စနစ်တကျပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် စပါးများထွက်ရှိရန်၊ထွက်ရှိလာသည့်စပါးကိုကြိတ်ခွဲရာတွင် သန့်ရှင်းပြီးအဆင့်အတန်းမီသည့် ဆန်များရရှိရန်လိုအပ်သည်ဟု ပြောသည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့်နွေစပါးစိုက်ဧက ၂ ဒသမ ၄ J သန်း(စုစုပေါင်းစပါးစိုက် ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့်)စိုက်ပျိုးနိုင်ခဲ့သည်ဟု ပြောသည်။

“တိုင်းပြည်ရဲ့အဓိကသီးနှံဖြစ်တဲ့ စပါး ၁ ဧက ထွက်နှုန်းကို ရည်မှန်းချက်ဖြစ်တဲ့ တင်း ၁၀၀ ထွက်ရှိရေးကို ကြိုးပမ်းဆောင်ရွက်သွားကြဖို့လို အပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

စပါးစိုက်ဧကတိုးချဲ့ရေးထက် လက်ရှိစပါးစိုက်မြေများတွင် စပါးပြီးစပါး၊ စပါး ပဲ စပါး၊ စပါး နေကြာ စပါး စသဖြင့် နှစ်သက်ရာသီးနှံများဖြင့် တွဲဖက်၍ သီးထပ်အဖြစ် စိုက်ပျိုးရမည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားသည်။

ပြည်တွင်းဆန်ရိက္ခာဖူလုံပိုလျှံပြီး ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေး စပါးစိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်းတိုးတက်မှုဖြစ်စေရေးအ တွက် ထိထိရောက်ရောက်ကြိုးပမ်းကြရန် အရေး ကြီးသည်ဟု ပြောသည်။

“မြန်မာနိုင်ငံမှာ စပါးမျိုး ၉၀ ကျော် စိုက်ပျိုးနေပါတယ် ပြည်တွင်းဈေးကွက်အကြိုက်စပါးမျိုး ၅၀ ခန့်နဲ့ ပြည်ပဈေးကွက်အကြိုက် စပါးမျိုး ၂၀ ကျော်ရှိပါတယ် တောင်သူတွေအနေနဲ့ စပါးမျိုး မြောက်မြားစွာစိုက်ပျိုးနေမယ့်အစား ရေလိုအပ် ချက်နည်းပြီး ရေကြီးနစ်မြုပ်မှုဒဏ်၊ပိုးမွှားဒဏ်ခံနိုင်တဲ့ ဒေသရေမြေရာသီဥတုနဲ့ကိုက်ညီတဲ့ ဈေး ကွက်ဝင် မျိုးကောင်းမျိုးသန့်စပါးမျိုးတွေကို ရွေး ချယ်စိုက်ပျိုးဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များရွေးချယ်အသုံးပြုခြင်းနှင့်အတူ ဓာတ်မြေဩဇာ၊သဘာဝမြေဩဇာ၊ဇီဝမြေဩဇာတို့အား ရောနှော ရောစပ်အသုံးပြုခြင်း၊စိုက်ပျိုးရေးနှင့်မွေးမြူ ရေးတွဲဖက်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်သည်ဟု နစက ဥက္ကဋ္ဌက အကြံပြုတိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအ တွက် နိုင်ငံတော်အနေဖြင့် လိုအပ်ချက်များကို ပံ့ ပိုးကူညီဆောင်ရွက်ပေးသွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here