မူဆယ်မြို့တွင် တရားသူကြီးတစ်ဦး ကားပေါ်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

0
416

ရှမ်းပြည်နယ်၊မူဆယ်မြို့တွင် တရားသူကြီးတစ်ဦးဖြစ်သည့် ဦးရာဇာမင်းစိုး(၃၇)နှစ်သည် အောက် တိုဘာ ၆ ရက်ညနေပိုင်းက ကားပေါ်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ညနေ ၅ နာရီခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးမှကားကွေ့ရန်ပြင်ဆင်နေသည့် တရားသူကြီးဦးရာဇာမင်းစိုးအား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် တရားသူကြီးဦးရာဇာမင်းစိုးသည် အခင်းဖြစ်ကားပေါ်၌သေဆုံးသွားခဲ့သဖြင့် လူနာတင်ကားဖြင့် ဆေးရုံသို့ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။

“တရားသူကြီးက ကားကွေ့ဖို့လုပ်နေတုန်း ဆိုင်ကယ်စီးလာတဲ့နှစ်ယောက်ထဲက နောက်ကထိုင်စီးလာတဲ့တစ်ယောက်ကဆင်းလာပြီး ရှေ့ကနေသေ နတ်နဲ့တေ့ပစ်သွားတာ ချက်ခြင်းတော့မသေဘူးနဲ့တူတယ် ကားကတစ်ဖက်လမ်းကနေ ဒီဖက်လမ်းဖက်ကိုရောက်လာပြီးရပ်ထားတဲ့ကားတစ်စီးကိုတိုက်ပြီး ရပ်သွားတယ် ပစ်တဲ့နှစ်ယောက်က တော့ချက်ခြင်းမောင်းပြေးသွားတယ်”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here