MoU စနစ်ဖြင့်စေလွှတ်သည့် အလုပ်သမားများအတွက် ဗီဇာကြေး ဘတ် ၅၀၀ သို့ လျှော့ချသည့် အမိန့်စာအမြန်ဆုံးထုတ်ပြန်နိုင်ရန်ဆွေးနွေး

0
193

အလုပ်သမားဝန်ကြီးဌာန၊ဒု-ဝန်ကြီးဦးဝင်းရှိန်က အောက်တိုဘာ ၆ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့၌ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ဝန်ကြီး Mr. Suchart Chomklin အားသွားရောက်တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားများအား မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ်(CI- Certificate of Identity)ထုတ်ပေးရန် ထိုင်းအလုပ်သမားဝန်ကြီး ၏ တောင်းဆိုမှုအပေါ်မူတည်၍ ထိုင်းနိုင်ငံရှိ CI သက်တမ်းတိုးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများကို ဒု-ဝန်ကြီးဦးဝင်းရှိန်က သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါကာလအတွင်း ထိုင်းနိုင်ငံလုပ် ငန်းရှင်များ၏ လုပ်သားလိုအပ်ချက်မြင့်မားခဲ့မှုကို ဖြည့်တင်းရန်နှင့်မြန်မာရွှေ့ပြောင်းလုပ်သား များ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် ကပ်ရောဂါကာလအလွန် MoU လုပ်ငန်းစဉ်များ ကိုပြန်လည်စတင်ခဲ့သည်ဟု ဒု-ဝန်ကြီးကပြောကြားခဲ့သည်။

“မေ ၁၀ ရက်ကနေ စက်တင်ဘာ ၂၉ ရက်အထိ မြန်မာ MoU အလုပ်သမား ၅၆၂၃၇ ယောက်ကို ထိုင်းနိုင်ငံကို စေလွှတ်ခဲ့ပါတယ်”ဟု ဒု-ဝန်ကြီးဦးဝင်းရှိန်ကပြောသည်။

တွေ့ဆုံရာတွင် အလုပ်ခေါ်စာများပယ်ဖျက်ခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုပြီးနောက် စာချုပ်ပယ်ဖျက်ခြင်းကိစ္စများမဖြစ်စေရန်နှင့်ထိုင်းအလုပ်ရှင်များမှ MoU အလုပ်သ မားမဟုတ်သည့် အခြားအလုပ်သမားများ ခေါ်ယူခန့်အပ်သည့် ဖြစ်စဉ်များရှိနေ၍ အလားတူဖြစ် ရပ်များကို တားဆီးကာ MoU စနစ်အား ထိခိုက်မှုမရှိစေရန် ဆွေးနွေးခဲ့ကြသည်။

 MoU စနစ်ဖြင့်စေလွှတ်သည့် အလုပ်သမားများအတွက် ဗီဇာကြေး ဘတ် ၅၀၀ သို့ လျှော့ချသည့် အမိန့်စာကိုလည်း အမြန်ဆုံးထုတ်ပြန်နိုင်ရန်၊ CI သက်တမ်းတိုးလုပ်ငန်းစဉ်ဆောင်ရွက်မှုအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင် ရွက်နိုင်ရန်၊ ပထမအကြိမ်ကဲ့သို့ လုပ်ငန်းစဉ်ရပ် ဆိုင်းမှုမရှိစေရန် သက်တမ်းတိုးဖွင့်လှစ်ခွင့်ရရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။  

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး တောင်းဆိုထားသည့် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက် မှတ် CI အသစ်ထုတ်ပေးနိုင်ရေးလုပ်ငန်းစဉ်အ သေးစိတ်အား နှစ်နိုင်ငံအစည်းအဝေး၌ ညွှန် ကြားရေးမှူးချုပ်က ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here