တွစ်တာဝယ်ယူမှု အဆုံးသတ်ရန် တရားသူကြီးက မက်စ်အပေါ် တရားစွဲဆိုထားမှုအား ရပ်ဆိုင်းခွင့်ပြု

0
180

ဒဲလာဝဲ တရားသူကြီးက အီလွန်မက်စ်၏ တွစ်တာလွှဲပြောင်းရယူမှု သဘောတူညီချက်ကို အဆုံးသတ်ဖို့ ခွင့်ပြုရန်အတွက် မက်စ်အပေါ် စွဲဆိုထားသော တရားစွဲဆိုမှုကို အောက်တိုဘာလ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီအထိ ရပ်ဆိုင်းထားရန် အမိန့်ချမှတ်ခဲ့ကြောင်း ကြာသပတေးနေ့ တရားရုံးချိန်းအရ သိရသည်။

အစောပိုင်းတွင် တွစ်တာက မက်စ်သည် ၎င်း၏ ကုမ္ပဏီအား လာမည့်အပတ်တွင် ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူခြင်းဖြင့် သဘောညီချက်ကို အဆုံးသတ်သင့်ပြီး အဆိုပါ ကိစ္စအထမမြောက်မချင်း တရားစီရင်မှုကို ဆက်လက် လုပ်ဆောင်သင့်သည်ဟု ပြောဆိုလျက် မက်စ်၏ တရားသူကြီးထံ တရားစွဲဆိုခြင်း ရပ်ဆိုင်းခွင့် တောင်းဆိုမှုကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မက်စ်က တွစ်တာအား ဧပြီလတွင် သူသဘောတူထားသော ရှယ်ယာတစ်ခုလျှင် ၅၄ ဒေါ်လာ ဈေးနှုန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဝယ်ယူမှုမှာ ဘဏ်များမှ ချေးငွေထောက်ပံ့မှု ရရှိခြင်း ရှိ၊ မရှိ အပေါ် မူတည်ကြောင်း ယခုအပတ်အတွင်း ပြောဆိုခဲ့သည်။

ဘဏ်များသည် အဆိုပါ သဘောတူညီချက်နှင့် ပတ်သက်၍ ငွေကြေးထောက်ပံ့နိုင်ရန် ပူးပေါင်းလုပ်ဆောင်နေသောကြောင့် ဝယ်ယူမှုအား အောက်တိုဘာလ ၂၈ ရက် ဝန်းကျင်တွင် အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း တရားရုံးက ဆိုသည်။

“ရလဒ်အနေနဲ့ကတော့ တရားပြိုင်တွေကို သူတို့လုပ်နေပြီးသားအရာတွေကို လုပ်ဖို့ အမိန့်ပေးဖို့အတွက် အလျင်အမြန် ရုံးတင်စစ်ဆေးစရာ မလိုအပ်တော့ပါဘူး” ဟု တရားရုံးက ပြောကြားခဲ့သည်။

  Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here