လက်ဘနွန်နိုင်ငံတွင် ၁၉၉၃ ခုနှစ်နောက်ပိုင်း ပထမဆုံး ကာလဝမ်းရောဂါ ပြန်လည်ဖြစ်ပွား

0
200

လက်ဘနွန်နိုင်ငံသည် ၁၉၉၃ ခုနှစ်နောက်ပိုင်း ၌ ကာလဝမ်းရောဂါ ပထမ ဆုံး အကြိမ်ပြန်လည်ဖြစ်ပွားခဲ့ကြောင်း နိုင်ငံ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ဒဏ်ခံနေရသည့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွင်လည်း ပြီးခဲ့သောလများအတွင်း အလားတူ ရေကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ရုန်းကန်နေရစဉ် လက်ဘနွန်၌ ယင်းကဲ့သို့ ရောဂါ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ရောဂါဖြစ်ပွားမှုအား ဆင်းရဲနွမ်းပါးပြီး လူနေထူထပ်သော လက်ဘနွန်မြောက်ပိုင်း အက်ကာ ဒေသတွင် ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ကြောင်း အိမ်စောင့်အစိုးရ ကျန်းမာရေးဝန်ကြီး Firas Abiad က အောက်တိုဘာလ ၆ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါလူနာမှာ ဆီးရီးယားလူမျိုးတစ်ဦးဖြစ်ကာ ကုသမှုခံယူနေပြီး တည်ငြိမ်သည့်အခြေအနေရှိကြောင်း သိရသည်။

ကာလဝမ်းရောဂါသည် ဗီဘရီယို ကော်လရေး ဘက်တီးရီးယားပိုးရှိသော အစားအစာ သို့မဟုတ် ရေကို စားသုံးခြင်းကြောင့် ဖြစ်ပွားကြောင်းနှင့် ကူးစက်ခံမှု အများစုမှာ အပျော့စားမှ အလယ်အလတ်ဖြစ်သော်လည်း ကုသခြင်းမပြုပါက သေဆုံးနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

လက်ဘနွန်နိုင်ငံ၏ အခြေအနေမှာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ပိုမိုဆိုးရွားခဲ့လာကာ ၎င်းလူဦးရေ၏ လေးပုံသုံးပုံအား ဆင်းရဲတွင်းသို့ ကျဆင်းစေခဲ့သည်။ အထိန်းဆိုးရွားစွာ ဓာတ်အားပြတ်တောက်မှု၊ ရေရှားပါးမှုနှင့် မြင့်တက်လာသော ငွေကြေးဖောင်းပွမှုများကြောင့် လက်ဘနွန်ရှိ လူသန်းပေါင်းများစွာ၏ လူနေမှုဘဝများ ယိုယွင်းလာခဲ့သည်။

Abiad သည် အာဏာပိုင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ရောဂါပျံ့ပွားနိုင်ခြေအား တားဆီးရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

အထက်ပါ ရောဂါဖြစ်ပွားမှုမှာ ဆီးရီးယားတွင် ကာလဝမ်းရောဂါဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံကြားရှိ ကျဉ်းမြောင်းသော နယ်စပ်ကို ဖြတ်ကျော်လာကြရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

Source:Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here