ဂျပန်နိုင်ငံမှ အောက်တိုဘာ ၁၁ ရက်မှစတင်၍ အပြည်ပြည်ဆိုင်ရာလေကြောင်း၊ရေကြောင်းခရီး စဉ်များကို အပြည့်အဝပြန်လည်စတင်သွားမည်ဖြစ်ပြီး ပြည်ဝင်ခွင့်သတ်မှတ်ချက်များကိုလည်း ဖြေလျော့ပေးမည်

0
198

ဂျပန်နိုင်ငံမှ နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့်သူများအား ပြည်ဝင်ခွင့်သတ်မှတ်ချက်များနှင့်ပတ်သက်၍ အောက်တိုဘာ ၁၁ ရက်မှစတင်ကာ ပြည်ဝင်ခွင့်ဖြေလျှော့မည့် အစီအစဉ်သစ်(New Border Measures 34)ဖြင့် ဖြေလျော့ပေးသွားမည်ဟု ဂျပန်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆက်သွယ်အ‌ကြောင်းကြားမှုကို ဂျပန်နိုင်ငံဆိုင် ရာ မြန်မာသံရုံးမှအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ပြည်ဝင်ခွင့်ဖြေလျှော့မည့် အစီအစဉ်သစ်(New Border Measures 34)အရ ဂျပန်နိုင်ငံသို့ နိုင်ငံ ခြားသားများ အသစ်ဝင်ရောက်မှုနှင့်ပတ်သက်၍ ဂျပန်နိုင်ငံဘက်မှလက်ခံသည့် အဖွဲ့အစည်း/ကုမ္ပ ဏီမှတစ်ဆင့် တာဝန်ခံလျှောက်ထားပေးရသည့် The Entrants, Returnees Follow-up System (ERFS)အား ဖျက်သိမ်းခဲ့သည်။

ဂျပန်နိုင်ငံသို့ ကာလတိုလာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသွားများအတွက် အုပ်စုလိုက်ခ ရီးသွားအစီအစဉ်(Package tours)ဖြင့်သာ ဝင်ရောက်ရန် သတ်မှတ်ထားမှုကိုလည်း ရုတ်သိမ်းခဲ့သည်။

ဗီဇာကင်းလွတ်ခွင့်ပြုထားမှုများကို ပြန်လည်စ တင်သွားမည်ဖြစ်ကာ ဂျပန်နိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် ကိုဗစ်(၁၉)ရောဂါပိုး ရှိ/မရှိ စစ်ဆေးရသည့် On-arrival test အားဖျက်သိမ်းခဲ့သည်။

WHO အသိအမှတ်ပြု ကိုဗစ်(၁၉)ရောဂါကာ ကွယ်ဆေး (၃)ကြိမ်ထိုးပြီးကြောင်း သက်သေခံလက်မှတ်(သို့)ဂျပန်နိုင်ငံသို့ မဆိုက်ရောက်မီ(၇၂)နာရီအတွင်း စစ်ဆေးထားသည့် Pre-departure COVID-19 test လက်မှတ်ပြသရန်သာလိုအပ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံသို့ တစ်ရက်လျှင် အများဆုံးလူ ၅၀၀၀၀ သာဝင်ရောက်ခွင့်ပြုထားသည့် ကန့် သတ်ချက်အား ပယ်ဖျက်သွားမည်ဖြစ်ပြီး အ ပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်နှင့်ရေ ကြောင်းခရီးစဉ်များကို အပြည့်အဝ ပြန်လည်စ တင်သွားမည်ဖြစ်သည်။

ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအား WHO မှ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးကို ဂျ ပန်နိုင်ငံမှ အသိအမှတ်ပြုလက်ခံသွားမည်ဖြစ်ကာ ဂျပန်ကျန်းမာရေး၊အလုပ်သမားနှင့်လူမှုဖူလုံ ရေးဝန်ကြီးဌာနတို့မှ အသိအမှတ်ပြု ကာကွယ် ဆေးနှင့်ပတ်သက်၍ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။

Photo – reuters


LEAVE A REPLY

Please enter your comment!
Please enter your name here