ပွင့်နေခြည် ဇာတ်အဖွဲ့ကား တိမ်းမှောက်မှု သေဆုံးသူ ၁၁ ဦးအထိရှိလာ ၊ လူနာအချို့ကို မော်လမြိုင်ဆေးရုံသို့ ပို့ ဆောင်ထားရ

0
300

ပြီးခဲ့သည့် အောက်တိုဘာ (၅) ရက် ညနေပိုင်းက မြဝတီ – ကော့ကရိတ် အာရှလမ်းမပေါ်ရှိ ကွမ်းခြံကုန်းအဆင်းတွင်ဖြစ်ပွားခဲ့သည့် “ပွင့်နေခြည်” ဇာတ်အဖွဲ့ကား တိမ်းမှောက်မှုတွင် သေဆုံးသူ (၁၁) ဦးအထိရှိလာပြီး ဒဏ်ရာအပြ င်းအထန်ရသည့် လူနာအချို့ကို မော်လမြိုင်ဆေးရုံသို့ လွှဲပို့ထားရကြောင်း သိရသည်။

အောက်တိုဘာ (၅) ရက် ညနေ (၅) နာရီဝန်းကျင်က ဖြစ် ပွားခဲ့သည့် အဆိုပါ ယာဉ်တိမ်းမှောက်မှုတွင် (၅) ဦးမှာ နေရာ၌ပင် သေဆုံးခဲ့ပြီး အောက်တိုဘာ (၆) ရက်အထိ စုစုပေါင်း သေဆုံးသူ (၁၁) ဦးအထိ ရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် လူမှု ကယ်ဆယ်ရေးအဖွဲ့များထံက သိရသည်။

” မနေ့က သေဆုံးသူ (၆) ဦးနဲ့ လူနာ တချို့ကို ပို့ကြတယ်ပေါ့နော်။ သေတဲ့အထဲမှာ (၂) နှစ်သားကလေးတစ်ဦးလည်း ပါတယ် ၊ သူ့အမေလည်း ပါတယ်ပေါ့နော်။ မနေ့ကအထိ စုစုပေါင်း (၁၁) ယောက်ရှိပြီ ။ အသေးစိတ်ကတော့ မော်လမြိုင်ကအဖွဲ့တွေ လှမ်းမေးမှ သိလိမ့်မယ်” ဟု မြဝတီမြို့မှ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့မှ ပြောသည်။

အောက်တိုဘာ (၆) ရက် နံနက်ပိုင်းက ဒဏ်ရာပြင်းထန်သူ လူနာ (၇) ဦးကို ရာမညအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အဖြူရောက်တွဲလက်များ လူမှုကူညီရေးအဖွဲ့တို့မှ အရေးပေါ်ယာဉ်များဖြင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ (၆) ဦးကို ပိန္နဲကုန်းသုဿာန် အအေးတိုက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိ လူနာများ၏ ကျန်းမာရေး အခြေအနေများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းစဉ် ” နောက်ဆက်တွဲက တော့ သဘင်အဖွဲ့ကို မေးမှရတော့မယ် ။ကျွန်တော်တို့က မနေ့က ပို့ပြီးတည်းက အဆက်အသွယ်မရှိတော့ဘူး ” ဟု ရာမညအရေးပေါ် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌက ပြော သည်။

ခေါင်းဆောင်မင်းသား ဖြစ်သူမှာ ဒဏ်ရာအပြင်းအထန်ရထားပြီး သေဆုံးသူများထဲတွင် မင်းသားအငယ်များနှင့် မင်းသမီး တစ်ဦးပါဝင်ကာ အများစုမှာ အမျိုးသားများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့် “ပွင့်နေခြည်” ဇာတ်အဖွဲ့ယာဉ်ပေါ်တွင် စုစုပေါင်း (၂၈) ဦး လိုက်ပါလာကာ (၅) ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ခြင်း ဖြစ်သ ည်။

ဓာတ်ပုံ – ရာမညအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here