ဂျပန်၏အကြီးဆုံးလေဆိပ်ဟိုတယ်ဇုန်အား ဟာနီဒ၌ဒီဇင်ဘာလတွင်ဖွင့်လှစ်မည်

0
228

တိုကျို၊အောက်တိုဘာ ၆

Sumitomo Realty and Development ကုမ္ပဏီသည် အခန်းပေါင်း ၁,၇၁၇ ခန်းပါသော ဟိုတယ်အဆောက်အအုံ၏ အပိုင်းတစ်ပိုင်းကိုဂျပန်နိုင်ငံ၏ အကြီးဆုံးဖြစ်သည့်တိုကျိုမြို့ ဟာနီဒ လေဆိပ်နှင့် တိုက်ရိုက်ချိတ်ဆက်ကာ ဒီဇင်ဘာလ ၂၁ ရက်တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လေဆိပ်၏နိုင်ငံတကာခရီးသွားများဝင်ရောက်သည့် Terminal 3 နှင့်ချိတ်ဆက်ထားသည့် အဆိုပါအပိုင်းတွင် ဟိုတယ်နှစ်ခုဖြစ်သည့် Villa Fontaine Grand နှင့်အဆင့်မြင့် Villa Fontaine Premier တို့အား ကြိုတင်ဘွတ်ကင်စနစ်ဖြင့် သောကြာနေ့မှစတင်ကာလည်ပတ်တော့မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဇန်နဝါရီလတွင်အပြည့်အဝဖွင့်လှစ်ရန်စီစဉ်ထားသည့် အဆိုပါဟိုတယ်တွင် အကြီးစားအစည်းအဝေးခန်းမတစ်ခု၊ဈေးဝယ်နေရာတစ်ခု၊ဘတ်စ်ကားဂိတ်တစ်ခုနှင့်ဖူဂျီတောင်မြင်ကွင်းအားရှုမြင်နိုင်သော လဟာပြင်ရေချိုးကန်လည်းပါဝင်မည်ဟုဖော်ပြထားသည်။

အဆိုပါအဆောက်အ အုံအား မူလက ၂၀၂၀ ခပြည့်နှစ်ဧပြီလတွင်ဖွင့်လှစ်ရန်စီစဉ်ထားသော်လည်း ကပ်ရောဂါကြောင့်အစီအစဉ်နှောင့်နှေးခဲ့ရကြောင်းဖော်ပြထားသည်။အစိုးရ၏ မကြာသေးမီကပြည်ဝင်ခွင့်ကန့်သတ်ချက်ပယ်ဖျက်လိုက်မှုကြောင့် ၎င်းတို့၏အစီအစဉ်အားဆက်လက်လုပ်ဆောင်ခဲ့ပြီး ဖွင့်လှစ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီကပြောကြားခဲ့သည်။

နယ်စပ်ထိန်းချုပ်မှုများကိုဖြေလျှော့ပေးပြီးနောက် ဩဂုတ်လတွင်ဂျပန်နိုင်ငံသို့နိုင်ငံခြားခရီးသည် တစ်သိန်းကျော်ဝင်ရောက်ခဲ့ကြောင်းဖော်ပြထားသည်။သို့သော် ထိုပမာဏသည် ၂၀၁၉ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉၀ ရာခိုင်နှုန်းကျော်ကျဆင်းနေဆဲဖြစ်ကြောင်းသိရှိရသည်။

သို့သော်လည်း ခရီးသည်ဝင်ရောက်မှုနှုန်းသည် နေ့စဉ်ဧည့်သည်ဝင်ရောက်ခွင့်ကန့်သတ်ချက်ကိုပယ်ဖျက်လိုက်သည်နှင့်တစ်ပြိုင်နက် ထပ်တိုးလာနိုင်ကြောင်းခန့်မှန်းထားကြသည်။ဂျပန်နိုင်ငံသည် တစ်ဉီးချင်းခရီးသွားလာခွင့်နှင့် ဗီဇာကင်းလွတ်ခွင့်များကိုအောက်တိုဘာလ ၁၁ ရက်နေ့မှစတင်ကာခွင့်ပြုပေးတော့မည်ဖြစ်ကြောင်းလည်း ပြီးခဲ့သည့် လကကြေငြာထားသည်။

Source – Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here