မြောက်ဥက္ကလာပမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ဖုန်းများနှင့်ငွေများခိုးယူခံရ

0
259

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊သုဝမ္မာလမ်းမကြီးပေါ်ရှိ WiNn Mobile Yangon ဆိုင်ခွဲသည် ဖောက်ထွင်းခံရကာ ဖုန်းများနှင့်ငွေများခိုးယူခံခဲ့ရကြောင်း သိရသည်။

ဖောက်ထွင်းခံရခြင်းအား အောက်တိုဘာ ၇ ရက်နံနက်ပိုင်းဆိုင်ဖွင့်ချိန်၌ သိရှိခဲ့ရခြင်းဖြစ်ကာ ဖောက်ထွင်းသူသည် ဆိုင်အနောက်ဘက်မှဝင်ရောက်လာပြီးနောက် ဖုန်းများနှင့်ငွေများအား ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖောက်ထွင်းသူသည် ဆိုင်အတွင်းရှိ တန်ဖိုးကြီးဖုန်းများနှင့်ငွေများ(စုစုပေါင်းတန်ဖိုးငွေ ကျပ်သိန်း ၂၀၀ ကျော်)ခန့်အား ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်အား မြောက်ဥက္ကလာပမြို့မရဲစခန်း၌ တိုင် ကြား၍ အမှုဖွင့်ထားကာ ရဲတပ်ဖွဲ့ဝင်များက ဆိုင်ဖောက်ထွင်းသူအားဖမ်းဆီးရမိရေးအတွက် CCTV မှတ်တမ်းအားစစ်ဆေးခြင်းနှင့်လိုအပ်သည့် စုံစမ်းစစ်ဆေးခြင်းတို့အား ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဖောက်ထွင်းခံခဲ့ရသည့် WiNn Mobile Yangon ၏ မြောက်ဥက္ကလာပဆိုင်ခွဲအား အောက် တိုဘာ ၇ ရက်(ယနေ့)တွင် ယာယီပိတ်ထားမည်ဖြစ်ကာ အောက်တိုဘာ ၈ ရက်(မနက်ဖြန်)၌ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here