ထား၀ယ်ရိုးရာ သပိတ်မျှောပွဲတော်ပြုလုပ်မည့် ဖျော်ဖြေရေးမဏ္ဍပ် မိုင်းဖောက်ခွဲခံရ

0
330

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်း၊ သဲကွင်းနေရာတွင် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ပြုလုပ်မည့် ဖျော်ဖြေရေးမဏ္ဍပ်သည် အောက်တိုဘာလ ၆ ရက်၊ ညနေ ၅ နာရီခန့်က မိုင်းဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။

၂ နှစ်ကြာ ရပ်နားခဲ့ရသည့် ထားဝယ်သပိတ်မျှောပွဲကို ယခုနှစ် အောက်တိုဘာလ ၈ ရက်မှစ၍ ပြန်လည် ကျင်းပရန် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးနေသော်လည်း မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ဖျော်ဖြေရေးမဏ္ဍပ်ကြမ်းခင်းအပါအဝင် နေရာတစ်ချို့ ပျက်စီး မှုရှိခဲ့ကြောင်း သိရသည်။

အထက်ပါ ပေါက်ကွဲမှုလုပ်ရပ်ကို Guerrilla Dawei (ထားဝယ်မြို့ ပြပြောက်ကျားတပ်ဖွဲ့)မှ အဝေးထိန်းမိုင်းတစ်လုံးဖြင့်ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ဓာတ်ပုံ CJ


LEAVE A REPLY

Please enter your comment!
Please enter your name here