ဂျပန်နိုင်ငံ၌သြဂုတ်လတွင် အိမ်ထောင်စုအသုံးစရိတ်နှစ်စဥ်မြင့်တက်လျက်ရှိ

0
235

တိုကျို၊အောက်တိုဘာ ၇

ဂျပန်အိမ်ထောင်စုများသည် အစောပိုင်းနှစ်များနှင့်နှိုင်းယှဉ်ပါက သြဂုတ်လတွင် အသုံးစရိတ်တိုးလာခဲ့ပြီး ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့လိုက်ခြင်းကြောင့် စီးပွားရေးပြန်လည်ကောင်းမွန်လာသော်လည်း စျေးနှုန်းများတက်လာခြင်းသည် အမြတ်အစွန်းကိုထိခိုက်စေပြန်သည်။

သောကြာနေ့၏သီးခြားဒေတာများအရ ပဉ္စမလအတွက်အမှန်တန်ဖိုးအရ လုပ်ခကျဆင်းသွားသည်ကိုပြသခဲ့ပြီး နိုင်ငံ့ ဂျီဒီပီ ၏ထက်ဝက်ကျော်ရှိသည့် ဂျပန်စားသုံးသူများ၏ အသုံးစရိတ်အပေါ်  ဖိအားများတိုးလာနေခြင်းကိုလည်း ပြသနေသည်ဟု‌ဖော်ပြထားသည်။

“အထူးသဖြင့် စားသောက်ကုန်တွေမှာ ဈေးတက်လာပြီး လာမယ့်လတွေမှာ ပိုပြီးတော့‌ ချွေတာရမဲ့အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်” ဟု Shinkin Central Bank Research Institute မှ အကြီးတန်း စီးပွားရေးပညာရှင် Takumi Tsunoda က ပြောကြားခဲ့သည်။

အိမ်အသုံးစရိတ်သည် ဩဂုတ်လတွင် ယမန်နှစ်ကထက် ၅ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အစိုးရကိန်းဂဏန်းများက သောကြာနေ့တွင်ဖော်ပြခဲ့သည်။

အစားအသောက်နှင့် အဖျော်ယမကာကုမ္ပဏီများ၏ လက်လီဈေးတက်မှုသည် အောက်တိုဘာလတွင် အမြင့်ဆုံးဖြစ်ပြီး ပစ္စည်း ၆၇,၀၀၀ နီးပါးသည် ပျမ်းမျှ ၁၆ ရာခိုင်နှုန်းအထိ ဈေးတက်နေကြောင်း စျေးကွက်သုတေသနကုမ္ပဏီ Teikoku Databank ၏ လစဉ်စစ်တမ်းတစ်ခုအရသိရသည်။

ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါသည် ဆန်းသစ်သသည့် လှုံ့ဆော်မှုအစီအစဉ်တစ်ခုကို အောက်တိုဘာလကုန်တွင် ပြုလုပ်ရန်ကတိပြုခဲ့သည်။၎င်းတွင် အနည်းဆုံးဘဏ္ဍာရေးနှစ်အသုံးစရိတ်၏ ဒေါ်လာ ၁၀၀ ဘီလီယံဖြင့် ကျောထောက်နောက်ခံပြုထားသော ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဓာတ်ငွေ့ ဘီလ်များအတွက် ထောက်ပံ့ကြေးအစီအစဉ်များပါဝင်သည်။

တစ်ချိန်တည်းမှာပင် အစိုးရသည် တင်းကျပ်သောနယ်စပ်ထိန်းချုပ်မှု ကန့်သတ်ချက်များကို တနင်္လာနေ့မှစ၍ ဖြေလျှော့ရန်စီစဉ်ထားပြီး ပျက်စီးလုနီးနီးဖြစ်နေသည့် ဝန်ဆောင်မှုလုပ်ငန်းများအတွက်‌ မျှော်လင့်ချက်တစ်ခုအဖြစ်ယန်းငွေအားနည်းနေချိန်တွင် နိုင်ငံခြားခရီးသွားများအားဆွဲဆောင်ရန်ကြိုးပမ်းခဲ့သည်။

“ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှု သက်သာလာခြင်းနှင့် ခရီးသွားလာမှုဆိုင်ရာအတွက် အစိုးရ၏ပံ့ပိုးကူညီမှုကြောင့် ဂျပန်၏ ပုဂ္ဂလိကသုံးစွဲမှုသည် အလုံးစုံဆက်လက်ဖွံ့ဖြိုးနေသင့်သည်” ဟု Shinkin’s Tsunoda ကပြောကြားခဲ့သည်။

“ဒါပေမယ့်စားသုံးမှုဦးဆောင်တဲ့ ပြန်လည်ဦးမော့လာနိုင်သည့် အရှိန်ကို ငွေကြေးဖောင်းပွမှုက ထပ်လျှော့ချထားပါသေးတယ်” ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here