ဗဟိုဘဏ်က ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ အ နည်းဆုံးကျပ် ၁၀ ဘီလီယံနှင့်အထက်ရှိသည့် ဘဏ်များအား ကနဦးအနေဖြင့် အတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းပေးမည်

0
236

ဘဏ်များက မြန်မာကျပ်ငွေ(ဘဏ်များ၏ ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ – Banks” Deposits at Central Bank – CAB)ဖြင့်ထားရှိရမည့် အနည်း ဆုံး သီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်သည့်ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် အတိုးပေးခြင်း နှင့်ပတ်သက်၍ အောက်တိုဘာ ၇ ရက်(ယနေ့) တွင် ဗဟိုဘဏ်က အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

ဗဟိုဘဏ်မှ ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် ၃ ရာခိုင်နှုန်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာ ရင်းရှင်အပ်ငွေ(CAB)ဖြင့် ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့်ဘဏ်များလက်ဝယ်ရှိငွေသား(Cash at Bank) ဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်းထားရှိရန်ညွှန်ကြားထားပြီးဖြစ်သည်။

ဗဟိုဘဏ်က စီးပွားရေးစနစ်အတွင်းရှိ ငွေကြေးပမာဏအား ပိုမိုတိကျစွာ ခန့်မှန်းတွက်ချက်နိုင်ရန်၊အတိုးနှုန်းဖြေလျှော့ခြင်း(Interest Rate Liberalization)ဆောင်ရွက်နိုင်ရန် ကနဦးအဆင့်ဖြစ်သည့် အတိုးနှုန်းဘောင်(Interest Rate Corridor)စတင်ရန်၊ဘဏ်များလက်ဝယ်ရှိ ပိုလျှံငွေသားများမှ အချို့အား ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ(CAB)တွင် လာရောက်အပ်နှံခြင်းဖြင့် ဘဏ်များအတိုးဝင်ငွေရရှိ၍ ပိုမိုလုပ်ကိုင်နိုင်ရန်၊ဘဏ်များက မြန်မာကျပ်ငွေ(CAB)ဖြင့် ထားရှိရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်တွင် အတိုးနှုန်းတွက်ချက်ကာ အတိုးငွေပေးသည့် စနစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပျမ်းမျှပိုလျှံသီးသန့်ငွေ(Average Excess Reserve)အပေါ် အတိုးပေးရာတွင် ပျမ်းမျှပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံးကျပ် ၁၀ ဘီလီယံနှင့်အထက်ရှိသည့် ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံးပိုလျှံသီးသန့်ငွေ ပမာဏကျပ် ၅၀ ဘီလီယံထိသာ ခွင့်ပြုမည်ဖြစ်သည်။

ပိုလျှံသီးသန့်ငွေအပေါ် ပေးမည့် အတိုးနှုန်းအား ကနဦးအနေဖြင့် ဘဏ်အချင်းချင်းဈေးကွက်(O/N)အတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်းပေးမည်ဖြစ်ကာ အောက်တိုဘာ ၁၂ ရက် – နိုဝင်ဘာ ၈ ရက် ထိန်းသိမ်းမှုကာလမှစတင်ပေးအပ်သွားမည်ဖြစ်သည်။

ဗဟိုဘဏ်သည် အတိုးပေးမည့်အနည်းဆုံးနှင့်အများဆုံးပိုလျှံသီးသန့်ငွေပမာဏဘောင်သတ် မှတ်ချက်နှင့်ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမည့် အတိုးနှုန်းအား ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရန် ပြောင်းလဲပြင်ဆင်ခြင်း(တိုးခြင်း/လျော့ခြင်း)များပြုလုပ်သွားမည်ဖြစ်သည်။

အတိုးငွေတွက်ချက်ရာ၌ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထိန်းသိမ်းမှုကာလ အလိုက်နောက် ဆုံးနေ့ရှိ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွက်ချက်မည်ဖြစ်ပြီး ထိန်းသိမ်းမှုကာလ နောက်ဆုံးနေ့ရက် ၏ T+2 ဖြင့် ဗဟိုဘဏ်ရှိ သက်ဆိုင်ရာ ဘဏ် စာ ရင်းသို့အလိုအလျောက်ထည့်သွင်းပေးမည်ဖြစ် သည်။

ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းအား မြန် မာကျပ်ငွေဖြင့် လက်လီဘဏ်လုပ်ငန်းဝန်ဆောင် မှုများ(Retail Banking)ခွင့်ပြုထားသည့် နိုင်ငံပိုင်ဘဏ်များ၊ပုဂ္ဂလိကဘဏ်များနှင့်နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များအား တပြေးညီဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here