ဘိုင်ဒင်သည် ဆေးခြောက်လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ပြစ်ဒဏ်ကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်.

0
437

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဖက်ဒရယ် ဥပဒေများအရ ဆေးခြောက်လက်ဝယ်ထားရှိမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ ထောင်ပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၆ ရက် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်သည် ဗဟိုအစိုးရ၏ ဆေးခြောက်အား တရားဝင်ပစ္စည်းအဖြစ် ခွင့်ပြုခြင်းဆီသို့ ဦးတည်နေသော ကြီးမားသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ သုံးပုံတစ်ပုံကျော်တွင်လည်း လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက ဆေးခြောက်အား အပန်း ဖြေရေးအသုံးပြုရန်အတွက် တရားဝင်ခွင့်ပြုထားခဲ့သည်။

“ဆေးခြောက်သုံးစွဲခြင်း သို့မဟုတ် လက်ဝယ်ပိုင်ဆိုင်ခြင်းအတွက် မည်သူမျှ အကျဉ်းမ ကျသင့်ပါ” ဟု ၎င်း၏အမြင်ကို ထင်ဟပ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

ဘိုင်ဒင်က ယင်းကဲ့သို့ ကြေညာလိုက်ခြင်းမှာ “ဆေးခြောက်သုံးစွဲခြင်း သို့မဟုတ် လက်ဝယ်ပိုင်ဆိုင်ခြင်းအတွက် မည်သူမျှ ထောင်ထဲသို့ ရောက်မနေသင့်ပါ” ဟူသော ၎င်း၏ အမြင်ကို ထပ်ဟပ်စေကြောင်း ပြောကြားခဲ့သည်။

“ဆေးခြောက်လယ်ဝယ်ပိုင်ဆိုင်ထားတဲ့အတွက် ဗဟိုအစိုးရကနေ ပြစ်ဒဏ် ချမှတ်ခံထားရတဲ့သူတွေ ထောင်နဲ့ချီ ရှိပါတယ်၊ အဲလူတွေဟာ အကျိုးဆက်အနေနဲ့ အလုပ်အကိုင်၊ အိမ်ရာ ဒါမှမဟုတ် ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကျွန်ုပ်၏ လုပ်ဆောင်ချက်သည် ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံရမှုများကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို သက်သာရာရစေမည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

အဆိုပါအမိန့်သည်ကိုယ်တိုင် သုံးရန် အတွက်သာ ဆေးခြောက် ကိုလက်ဝယ်ပိုင်ဆိုင်ခြင်းဖြင့် ဗဟိုအစိုးရ၏ စွဲချက်များဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများနှင့်သာ သက်ဆိုင်ကြောင်း သိရသည်။

ဘိုင်ဒင်က လူမည်မျှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ကို အတိအကျ မပြောထားသော်လည်း ကြာသပတေးနေ့ထိ ရရှိထားသော အချက်အလက်များအရ လူပေါင်း ခြောက်ထောင့်ငါးရာခန့် လွတ်ငြိမ်းနိုင်လိမ့်မည်ဟု အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။

Source: Aljazerra


LEAVE A REPLY

Please enter your comment!
Please enter your name here