မန္တလေးတွင် ရွှေတစ်ကျပ်သား ၂၅ သိန်း ကျော်ဖြင့် တစ်ဦးလျင် (၁၀) သားစီ ရောင်းချပေး၊ (၇) ပိဿာ နီးပါး ရောင်းချရ

0
296

မန္တလေးမြို့တွင် ယနေ့ အောက်တိုဘာ (၇) ရက် နေ့လယ်ပိုင်း၌ ရွှေစင် ရွှေတုံး (၇) ပိဿာ ခန့် လေလံတင် ရောင်း ချပေးရာ တစ်ကျပ်သားလျင် (၂၅၄၀၀၀၀) ကျပ်ဖြင့် တစ်ဦးလျင် (၁၀) သား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်တွင်း ရွှေဈေးနှုန်း ထိန်းချုပ်သည့်အနေဖြင့် ယခုလို လေလံတင် ရောင်းချပေးနေခြင်းဖြစ်ပြီး တစ်နာရီကျော်အတွင် (၇) ပိဿာနီးပါး ရောင်းချနိုင်ခဲ့ကြောင်း သိရသ ည်။

” (၇) ပိဿာ လုံး ကုန်သလောက် ဖြစ်သွားတယ်လို့ကြားတယ်။ တစ်ဦးကို (၁၀) သားနှုန်းသတ်မှတ် ပြီးရောင်းပေးတာပေါ့။ ၂၅၄၀၀၀၀ နဲ့ လေလံဈေးဖြတ်တာပေါ့နော် ” ဟု မန္တလေးမြို့မှ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်လည်း အလားတူ ရွှေ (၃) ပိဿာကို အော က်တိုဘာ (၆) ရက်က လေလံတင် ရောင်းချပေးခဲ့ပြီး တ စ်ပိဿာလျင် သိန်း ၂၅၀၀ ဝန်းကျင်ဖြင့် တစ်ဦးတည်း လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေ မြို့နယ် ၆၇ လမ်း၊ ၄၀_၄၁ လမ်းကြား၊ ၄၀ (အေ) ထောင့်ရှိ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင် များအသင်းရုံးချုပ်တွင် ရောင်းချပေးနေခြင်း ဖြစ်ပြီး မည် သူမဆို မှတ်ပုံတင်ပြ၍ လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှလည်း အောက်တိုဘာလ (၆) ရက်ကလည်း ရွှေ (၆) ပိဿာကို အလားတူ လေလံစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here