သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို  အလုပ်နဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ် 

0
307

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို အလုပ်နှင့် ထောင်ဒဏ် (၃) နှစ် ကျခံရန် အင်းစိန်ထောင် အထူးတရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဦးစည်သူအောင်မြင့်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ဗဟန်းမြို့နယ်ရှိ တိုက်ခန်း တစ်ခုတွင် BBC media action မှ  အစီအစဉ်တင်ဆက်သူ တစ်ဦးဖြစ်သည့် မထက်ထက်ခိုင်နှင့်အတူ အဖမ်းခံရပြီး ပုဒ်မ ၅၀၅(က) နှင့် အမှုဖွင့် ထားခြင်း ဖြစ်ပြီး ယနေ့ အောက်တိုဘာ (၇) ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း နီးစပ်သူများထံက သိရ‌သည်။

” အင်းစိန်ထောင် အထူးတရားရုံးက ဒီနေ့ အမိန့်ချတယ်လို့ပြောတယ်။ အယူခံ ဝင်ဖို့မဝင်ဖို့တော့ မိသားစုဝင်တွေနဲ့ ရှေံနေနဲ့ ဘယ်လို ဆုံးဖြတ်မယ် မသိဘူးဟု ” ဦးစည်သူအောင်မြင့်၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသ ည်။

ဦးစည်သူအောင်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၁၂၄(က) ဖြင့်ပါ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြီး အဆိုပါ ပုဒ်မသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပုဒ်မတစ်ခု ဖြစ်သည်။

 ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ – ၁၂၄ (က) နဲ့ ဆက်လက် ရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လက်ရှိတွင် ဦးစည်သူအောင်မြင့်နှင့် အတူ ဖမ်းဆီးခံထားရသည့် မထက်ထက်ခိုင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ မတရားသင်း ဆက်သွယ်မှု ပုဒ်မများ အလုပ်နှင့် ထောင်ဒဏ် (၆) နှစ် ချမှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here