ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းဖြတ်ကူးသည့် နွားတစ်ကောင်အား ခရီးသည်တင်ကားကတိုက်မိ၍ ၂ ဦးဒဏ်ရာရ

0
830

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘုရားတောင်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်၌ အောက်တိုဘာ ၇ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ယနေ့နေ့လည် ၃ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး၏ ဘုရားတောင်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၂၄၀/၆ နှင့် ၂၄၀/၇ ကြားဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ရန်ကုန်ဘက်မှမန္တလေးဘက်သို့ ယာဥ်မောင်းအပါအဝင် အမျိုးသား ၂၀ ဦးနှင့်အမျိုးသမီး ၂၁ ဦး(စုစုပေါင်း ၄၁ ဦး)လိုက်ပါလာသည့် ခရီးသည်တင်ကားသည် အခင်းဖြစ်နေရာအရောက် လမ်း ဖြတ်ကူးလာသည့် နွားတစ်ကောင်အားဝင်တိုက်မိခဲ့သည်။

ဖြစ်စဥ်အား ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းနှင့်ဘုရားတောင်အမြန်လမ်းရဲစခန်းတို့မှ  တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ခရီးသည်တင်ကားပေါ်၌ လိုက်ပါလာသူများအနက် အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဘုရားတောင်အမြန်လမ်းမီးသတ်တပ် ဖွဲ့စခန်းအပိုင် လူနာတင်ကားဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here