ကလေးဝမြို့နယ်တွင် ကုန်တင်လာသည့် ကားတစ်စီးတိမ်းမှောက်၍ အမျိုးသား ၁ ဦးသေဆုံး

0
203

စစ်ကိုင်းတိုင်း၊ကလေးဝမြို့နယ်၊ကလေးဝ-ရေဦးသွားကားလမ်းတွင် အောက်တိုဘာ ၇ ရက်(ယနေ့) ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့ညနေ ၅ နာရီခန့်က ကလေးဝ- ရေဦးသွားကားလမ်း၏ လေးထက်အကွေ့အတက်တွင် ကုန်ပစ္စည်းများတင်လာကာ ယာဥ်မောင်းအပါ အဝင် ၉ ဦးလိုက်ပါလာသည့် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်အား ကလေးဝမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်မြတ်ဒါနနာရေးကူညီမှုအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွား ရောက်ပြုလုပ်ပေးခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား ၁ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် မြတ်ဒါနနာရေးကူညီမှုအသင်းကားဖြင့် ကလေးဝမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here