ဈေးကွက်တည်ငြိမ်ရန် သမ္မတကတိပြုထားသဖြင့် တောင်ကိုရီးယားဝမ်တည်ငြိမ်နေ

0
172

ဆိုးလ်၊အောက်တိုဘာ ၇

 စျေးကွက်သည်မရေရာသဖြင့် တောင်ကိုရီးယားအစိုးရသည် အရင်းအနှီးဝင်ရောက်မှုကို တွန်းအားပေးရန်နှင့် ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာအလုံအလောက်ရရှိစေရန် လုပ်ဆောင်မည်ဟု သမ္မတယွန်း‌ဆော့ယော်က သောကြာနေ့တွင်ပြောကြားခဲ့သည်။

အမေရိက၏အတိုးနှုန်းများ သိသိသာသာ မြင့်တက်လာပြီး ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၏ ဒေါ်လာပိုင်ဆိုင်မှု အကြီးအကျယ် ပြောင်းလဲမှုတွင် တောင်ကိုရီးယား၏ “ဝမ်” သည် ယခုနှစ်အထိတန်ဖိုး ၁၆ ရာခိုင်နှုန်းခန့်ဆုံးရှုံးခဲ့သည်။

“အစိုးရသည် နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်တွင် ဒေါ်လာရောင်းလိုအား – ဝယ်လိုအားအခြေအနေ တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်မည်” ဟု စီးပွားရေးဝန်ကြီးများအစည်းအဝေး၌ သမ္မတယွန်းပြောကြားချက်ကိုကိုးကား၍ သမ္မတရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စတော့ရှယ်ယာဈေးကွက် တည်ငြိမ်ရေး ရန်ပုံငွေကို ယခုလအတွင်း ပြန်လည်အသက်သွင်းရန် ပြင်ဆင်မှုပြီးစီးမည်ဖြစ်ပြီး အစိုးရအနေဖြင့် ပြည်တွင်းစတော့ရှယ်ယာနှင့် ငွေချေးစာချုပ်ဈေးကွက်များတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

လိုအပ်ပါက ငွေကြေးဆိုင်ရာအဖွဲ့အစည်းများထံ နိုင်ငံခြားငွေဖြစ်လွယ်မှုကို ပံ့ပိုးပေးနိုင်ရန်အတွက် အာဏာပိုင်များအား လိုအပ်သည်များ ကို အဆင်သင့်ထားရှိရန် အစည်းအဝေးအပြီးတွင် ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား အေးသွားသဖြင့် ကမ္ဘာ့ကုန်ကြမ်းတင်သွင်းမှု ဥပဒေကြမ်းကို တွန်းအားပေးခြင်းကြောင့် နိုင်ငံသည် ဩဂုတ်လတွင် နှစ်နှစ်အတွင်း အကြီးမားဆုံးငွေစာရင်းလိုငွေပြမှုဖြစ်ပေါ်ခဲ့သည်ကို ဗဟိုဘဏ်ကသောကြာနေ့အစောပိုင်းတွင်ထုတ်ပြန်ခဲ့သည်။

သမ္မတ ယွန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အာမခံချက်ပေးပြီးနောက် တောင်ကိုရီးယားဝမ်သည် အစောပိုင်းတွင်ဒေါ်လာနှင့်ယှဉ်လျှင်  ၀ ဒသမ ၈ ရာခိုင်နှုန်းအထိ ဆုံးရှုံးနေရာမှ ၀ ဒသမ ၄ ရာခိုင်နှုန်းသို့ပြောင်းလဲသွားခဲ့သည်။

တောင်ကိုရီးယားသည် ၁၉၉၀ ပြည့်လွန်အနှောင်းပိုင်းနှစ်များကဖြစ်‌ေပါ်ခဲ့‌ေသာ အာရှဘဏ္ဍာရေးအကျပ်အတည်းနှင့် ၂၀၀၈ – ၂၀၀၉ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကာလတွင်ကမ္ဘာလုံးဆိုင်ရာစျေးကွက်များ လှုပ်ရှားခြင်း၏ သားကောင်လည်းဖြစ်ခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here