တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးလမယ်ဆိုင်ချောင်းရေမြင့်တက်၍ ရပ်ကွက် ၆ ခုအတွင်းရေဝင်ရောက်လျက်ရှိ

0
184

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် အောက်တိုဘာ ၇ ရက်ညနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေမြင့်တက်ခဲ့သဖြင့် ရပ်ကွက် ၆ ခုအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က)(ခ)၊ မယ်ခေါင်ရပ်ကွက်တို့နှင့်ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တို့တွင် ရေဝင်ရောက်မှုများ၊ရေကျော်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် သွားလာရခက်ခဲမှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

တာလော့ရပ်ကွက်ရှိ ခြံဝန်းတံခါးနှင့်အုတ်တံတိုင်းအချို့လည်း ပျက်စီးပြိုလဲမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ 

ရေဝင်ရောက်မှုများပြား၍ အခက်အခဲဖြစ်ပေါ်နေပြီး ဘေးလွတ်ရာသို့ရွှေ့ပြောင်းလိုသူများအား တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများက ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here