သန်းခေါင်စာရင်းမရှိပါက ဆန္ဒမဲပေးခွင့်ရရှိမည် မဟုတ်ဟု UEC ဥက္ကဋ္ဌပြော

0
313

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးက UEC ၊ ပြည်ထဲရေးဝန်ကြီးဌာန၊အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့်မဲစာရင်းများမှန်ကန်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အောက်တိုဘာ ၇ ရက်က နေပြည်တော်၌ ပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးနှင့်မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အခြေခံလူဦးရေစာ ရင်းများ စိစစ်ဆောင်ရွက်ရာတွင် မြို့နယ်အသီး သီး၌ ပြောင်းရွှေ့ဝင်ရောက်လာသူများ၊ပြောင်း ရွှေ့ထွက်ခွာသွားသူများ၊သေဆုံးသူများ၊သန်း ခေါင်စာရင်းရရှိပြီးဥပဒေနှင့်အညီနေထိုင်သူများကိုစိစစ်၍ မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် အခြေခံရမည့်လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UEC တို့မှ လစဉ်တိုက်ဆိုင်စစ်ဆေးရမည်ဟု ပြောသည်။

မဲစာရင်းများပြုစုရာတွင် UEC မှသတ်မှတ်သည့် လူဦးရေစာရင်းပုံစံဇယားများအတိုင်း ပြည်ထဲ ရေးဝန်ကြီးဌာန၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်းများကို ရယူအခြေခံ၍ ပြုစုရမည်ဟု ပြောသည်။

“UEC အနေနဲ့ အခြေခံမဲဆန္ဒရှင်စာရင်းတွေ ပြည့်စုံမှန်ကန်ဖို့အရေးကြီး လုပ်ငန်းတစ်ခုဖြစ်တဲ့ မြေ ပြင်လူဦးရေစာရင်းနဲ့တိုက်ဆိုင်စစ်ဆေးခြင်းလုပ် ငန်းတွေကို ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ် စိစစ်ပြီးတဲ့အခြေခံမဲဆန္ဒရှင်စာရင်းတွေ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့က လစဉ် Update ဆောင်ရွက်ဖို့လိုအပ်ပါတယ်” ဟု UEC ဥက္ကဋ္ဌဦးသိန်းစိုးကပြောသည်။

ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်ရှိသူများသည် ရွေး ကောက်ပွဲကျင်းပမည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်သည့် နိုင်ငံသား၊ဧည့်နိုင်ငံသားနှင့်နိုင်ငံသားပြုခွင့်ရသူတို့ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင်ပါဝင်ရန် သန်းခေါင်စာရင်းရှိရမည်ဖြစ်သည်ဟု ပြောသည်။

“သန်းခေါင်စာရင်းရှိတဲ့ မိမိနေထိုင်ရာဒေသ မဲစာရင်းပါဝင်မှာပါ သန်းခေါင်စာရင်းမရှိရင် မဲစာရင်းမှာ ပါဝင်မှာမဟုတ်သလို မဲပေးခွင့်လည်းရမှာမ ဟုတ်ပါဘူး ဒါ့အပြင် ဆန္ဒမဲပေးခွင့်ရဖို့ မှတ်ပုံ တင်ရှိဖို့လည်းလိုအပ်ပါတယ်”ဟု UEC ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် သက်ဆိုင်ရာဌာနများမှ မဲဆန္ဒရှင်ပြည်သူများ သန်းခေါင်စာရင်း၊မှတ်ပုံတင်ရရှိရေးတို့အား ဥပဒေနှင့်အညီစိစစ်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။

ထို့နောက် နေပြည်တော် ဥတ္တရသီရိခရိုင်၊ဒက္ခိဏသီရိခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများက အခြေခံမဲဆန္ဒရှင်စာရင်းများ လစဉ်စိစစ်ဆောင်ရွက်မှု၊မဲရုံတည်နေ ရာနှင့်မဲရုံ ၆၅၃ ရုံ လျာထားသတ်မှတ်ထားမှုနှင့် မဲရုံသုံးပစ္စည်းများလိုအပ်ချက်၊လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ဦးစီးမှူးက လူဦးရေစာရင်းများ စိစစ်ဆောင်ရွက်နေမှုတို့ကိုရှင်း လင်းတင်ပြခဲ့ကြသည်။

ထို့ပြင် နေပြည်တော် UEC အဖွဲ့ဝင် ဦးဘရန်ရှောင်၊နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်တို့က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here