စင်ကာပူနှင့် တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း စင်ကာပူ ဒုဝန်ကြီးချုပ်ပြောကြား

0
174

စင်္ကာပူနှင့် တရုတ်နိုင်ငံတို့သည် စီးပွားရေး ထွန်းသစ်စ နယ်ပယ်များတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်လျှက်ရှိနေသောကြောင့် နှစ်ဖက်စလုံးမှ စီးပွားရေး လုပ်ငန်းများ အတွက် အခွင့်အလမ်းသစ်များ ပွင့်လာလိမ့်မည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Lawrence Wong က အောက်တိုဘာလ (၇) ရက်နေ့တွင် ပြောကြားခဲ့သည်။ Mr Wong သည် စင်ကာပူနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သည်။

Mr Wong က Future China Global Forum တွင် မိန့်ခွန်းပြောကြားရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ စင်ကာပူသည် လွန်ခဲ့သည့် ဆယ်စုနှစ် လေးခုအတွင်း ၎င်း၏ စီးပွားရေးကို ပွင့်ပွင့်လင်းလင်း နှင့် ပြုပြင်ပြောင်းလဲရေးပြုလုပ်ခဲ့ရာတွင် တရုတ်နိုင်ငံအား တစိုက်မတ်မတ် ပါဝင်ပံ့ပိုးခဲ့ကြောင်းကိုလည်း ပြောကြားခဲ့သည်။

ယင်းတွင် တရုတ်နိုင်ငံ၏ မတူညီသောအဆင့်များမှတစ်ဆင့် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် Tianjin Eco-City နှင့် Chongqing Connectivity Initiative ကဲ့သို့သော အစိုးရနှစ်ခုအကြား အဓိကစီမံကိန်းများ ထူထောင်ခြင်း ပါဝင်သည်။

အဆိုပါကြိုးပမ်းမှုများသည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ခိုင်မြဲစေရန် အထောက်အကူဖြစ်စေခဲ့ပြီး ယခုအခါ တရုတ်နိုင်ငံသည် စင်ကာပူ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာကာ တရုတ်နိုင်ငံ၏ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသည့်နိုင်ငံမှာလည်း စင်ကာပူဖြစ်လာသလို၊ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအကြား ဆက်ဆံရေးတွင်လည်း ပိုမိုရင်းနှီးလာမှုကထင်ဟပ်နေကြောင်း ၎င်းက ထောက်ပြပြောဆိုသွားသည်။

“ကျွန်တော်တို့ ရှေ့ဆက်ဆောင်ရွက်သွားကြမှာပါ။ နှစ်နိုင်ငံစလုံးဟာ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စိမ်းလန်းစိုပြည်စီးပွားရေးလိုမျိုး စီးပွားရေးအသစ်ရဲ့ ထွန်းသစ်စနယ်ပယ်တွေမှာ ဆက်လကပူးပေါင်းဆောင်ရွက်နေကြရင်းနဲ့ ခိုင်မာသောအခြေခံအုတ်မြစ်ကို ဆက်လက်တည်ဆောက်နေကြတာဖြစ်ပါတယ်”ဟုလည်း  Mr Wong က ထည့်သွင်းပြောကြားခဲ့သည်။

Source: CNA/vl(jo)


LEAVE A REPLY

Please enter your comment!
Please enter your name here