နေပြည်တော်ရေပန်းဥယျာဉ်၌ သီတင်းကျွတ်ကာလအတွင်း ညဈေးရောင်းပွဲတော်နှင့်ဖျော်ဖြေပွဲများကျင်းပမည်

0
466

နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်ရှိ ရေပန်းဥယျာဥ်၌ သီတင်းကျွတ်ကာလအတွင်း ညစျေးရောင်းပွဲ တော်နှင့်ဖျော်ဖြေပွဲများကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

နေပြည်တော်၌ တာဝန်ထမ်းဆောင်နေသည့် ဝန် ထမ်းများ၊ဒေသခံများနှင့်ခရီးသွားများ သီတင်း ကျွတ်ကာလအတွင်း အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရေပန်းဥယျာဥ်ညစျေးရောင်းပွဲ တော်နှင့်ဖျော်ဖြေပွဲများအား အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ ည ၆ နာရီမှ ၉ နာရီအထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်ကြေးအဖြစ် အသက်(၅)နှစ်အထက်ကလေးတစ်ဦးနှင့်လူကြီးတစ်ဦးလျင် ငွေကျပ် ၃၀၀၀ နှင့်အသက်(၅)နှစ်အောက်ကလေးငယ်များအား အခ မဲ့ဝင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here